ယူနန်ပြည်နယ် မွန်လှခရိုင် မွန်ဘန်မြို့နယ် ဟယ်ဘျန်းကျေးရွာရွာသူရွာသားများ၏ အိမ်သစ်ကိုတွေ့ရစဉ်။ (နိုဝင်ဘာလ ၁၆ ရက်နေ့ကမောင်းသူမဲ့လေယာဉ်ဖြင့် ဓာတ်ပုံရိုက်ကူးသည်)။ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား တိုင်တိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မွန်လှခရိုင် မွန်ဘန်မြို့နယ် ဟယ်ဘျန်းကျေးရွာတွင် ယောင်တိုင်းရင်းသားနေအိမ် ၆၀ ရှိပြီး ယခင်က ဤနေရာသည် ခေတ်နောက်ကျသော ဝေးလံခေါင်သီသော ကျေးရွာတစ်ခုဖြစ်ပါသည်။ ယခုနှစ်ပိုင်းတွင် ဒေသအစိုးရနှင့် စေတနာရှင်ကုမ္ပဏီလုပ်ငန်းမှ ကူညီမှုဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေးရန်ပုံငွေ တရုတ်ယွမ် သိန်းပေါင်း၂၀၀ ကျော်ရင်းနှီးကာ နေအိမ်၊ ရွာရုပ်ပုံလွှာ၊ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အား၊ လမ်းစသည်တို့ကို ဘက်စုံပြုပြင်မွမ်းမံပေးသည်။ ၂၀၁၇ ခုနှစ်တွင် ယောင်တိုင်းရင်းသားနေအိမ် ၆၀ တို့သည် ကျယ်ဝန်းသာယာသော အိမ်သစ်သို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ ယခုအခါ ဟယ်ဘျန်းကျေးရွာ ရွာသူရွာသားများသည် အိမ်ထဲတွင် အပင်စိုက်ထားသည်။ ရေကို ပိုက်သွယ်သောက်သုံးနိုင်သည်။ လမ်းမှာ ခိုင်မာသောကွန်ကရစ်လမ်းဖြစ်လာပါသည်။ ၂၀၁၉ ခုနှစ်မှာ ဟယ်ဘျန်းကျေးရွာ ရွာသူရွာသားအဖွဲ့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အမှီပြုကာ တစ်ဦးခြင်းပျှမ်းမျှဝင်ငွေမှာ တရုတ်ယွမ်ငွေ ၈၁၈၄ယွမ်ရောက်ရှိလာပါသည်။
သတင်းထောက်။ ။ ရန်ဇုန်းယုပ်(ဆင်ဟွာသတင်းဌာန)