နိုဝင်ဘာလ ၂၁ ရက်နေ့ ဆောင်းရာသီအစောပိုင်းတွင် ကူမင်းမြို့ တာ့ကွမ်းမြစ်နှစ်ဖက်ရှိ Celtiskunmingensis Cheng et Hong သစ်ပင်များမှာ တောက်ပသော နေရောင်ခြည်အောက်တွင် ရွှေရောင်တောက်ပသော ဆောင်းရာသီအင်္ကျီကို ၀တ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။ ရေပေါ်ရောင်ပြန်ဟပ်နေသည်မှာလည်း အိပ်မက်ဆန်လှသည်။ ကီလိုမီတာများစွာရွှေရောင်ပြည့်ဝစွာ ဖုံးလွှမ်းနေသည်မှာ သာယာလှပနေပါသည်။ နုတ်သီးနီစင်ရော်ငှက်နှင့် ဗျိုင်းဖြူများသည် ရွှေရောင်လွှမ်းနေသော ကန်တော်တွင် ပျံဝဲကစားကြသည်မှာ ပန်းချီကဲ့သို့ လှပနေသော အလှရှုခင်းကို သက်ဝင်လှုပ်ရှားနေစေပါသည်။ လူတို့သည် မြစ်ကမ်းပါးတွင် လမ်းလျှောက်ကာ ဆောင်းရာသီ၏ နွေးထွေးသော နေရောင်ခြည်ကို ခံစားနိုင်ကြသကဲ့သို့ ဓာတ်ပုံရိုက်ခြင်း၊ နုတ်သီးနီစင်ရော်ငှက်နှင့် ကစားခြင်းတို့ကို လုပ်ဆောင်နိုင်ခြင်းကြောင့် ရွှေရောင်တောက်ပနေသော တာ့ကွမ်းမြစ်သည် နွေဦးမြို့ရှိ ဆောင်းရာသီတွင် ရှုခင်းလှပသာယာသောနေရာ ဖြစ်လာပြီး သွားသင့်နေရာဖြစ်လာပါသည်။
သတင်းထောက်။ ။ရန်ကျန့်(ယူနန်နေ့စဉ်သတင်းစာ)