မြို့သူမြို့သားများသည် ကျင့်နင်ရပ်ကွက် တျိန်းချီတောင်ဖက် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်တွင်ဆောင်းရာသီ၏ နွေးထွေးမှုကို ပျော်ရွှင်စွာ ခံစားနေပါသည်။
ကျင့်နင်ရပ်ကွက် တျိန်းချီတောင်ဖက် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်သည် စိုစွတ်မှုကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ ကြေညာပေးခြင်း၊ အသုံးပြုခြင်းစသည်တို့ကို ပေါင်းစပ်ဆောင်ရွက်သော ကုန်းပြင်မြင့်ဒေသဆိုင်ရာ နိုင်ငံတော်အဆင့် ကန်တော်ကြီးဥယျာဉ်ဖြစ်သည်။ ကူမင်းမြို့ ကျင့်နင်ရပ်ကွက် ရှိ ဇီဝဂေဟစနစ်နာမည်တစ်ခုရရှိထားသည်နှင့်အညီ ဤနေရာတွင် ကန်တော်ဇီဝဂေဟပတ်ဝန်းကျင်ကောင်းမွန်လှပြီး ကန်ရေကြည်လင်သည့်အပြင် ငှက်ကလေးများ၏ ကျက်စားပျော်ပါးရာနေရာလည်း ဖြစ်ပါသည်။ နွေဦးမြို့ မြို့သူမြို့သားများအတွက် ဇီဝဂေဟစနစ်အပန်းဖြေရန်အတွက် ရှားပါးသော စိုစွတ်သော နေရာတစ်ခုဖြစ်သဖြင့် နွေဦးမြို့၏“စမ်းယာ့ငယ်”နှင့် နွေဦးမြို့၏“ဘာလီကျွန်း”ဟူသော လှပသည့်အမည်ဖြင့် ဂုဏ်ပြုချီးကျူးကြပါသည်။
သတင်းထောက်။ ။ရန်ကျင့်(ယူနန်နေ့စဉ်သတင်းစာ)