နွေဦးမြို့“စမ်းယာ့ငယ်”၏ ဆောင်းရာသီအပန်းဖြေကာလ

2019-11-26 16:16:50 |သတင်းအရင်းအမြစ် 云南日报

ကျင့်နင်ရပ်ကွက် တျိန်းချီတောင်ဖက် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်တွင် နွေဦးမြို့“စမ်းယာ့ငယ်”နှင့် နွေဦးမြို့“ဘာလီကျွန်း”ဟူသော ဂုဏ်သတင်းမွေးပျံ့နေသည်။

ဆောင်းရာသီတွင် တျိန်းချီတောင်ဖက် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်ရှုခင်းသည် အင်မတန်လှပနေပါသည်။ အုပ်စုဖွဲ့ပျံဝဲနေသော Moorhen ရေကြက်များသည် ရေကန်ပေါ်တွင် အစာရှာရေကူးနေပြီး လွတ်လပ်စွာ ပျံသန်းကစားကြပါသည်။ ခရီးသည်များစွာသည် စနေ၊ တနင်္ဂနွေပိတ်ရက်တွင် လာရောက်အပန်းဖြေကစားကြပြီး မိသားစုပန်းခြံတစ်ခု ဖြစ်လာပါသည်။ မိဘနှင့် ကလေးများသည် ကန်တော်ဘေးတွင် ရေကစားကြသည်။ သဲကစားကြသည်။ စွန်လွှတ်ပြီး ပျော်ရွှင်စွာ အပန်းဖြေကစားကြပါသည်။ အပန်းဖြေလာရောက်သူတို့သည် သဲပြင်ပေါ်တွင် လမ်းလျှောက်ခြင်း၊ တျိန်းချီကန်တော်လမ်းဘေးတွင် စင်ရော်ငှက်များကို အစာကျွေးခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများကို လုပ်ဆောင်ကြပြီး တည်ငြိမ်အေးချမ်းလှပသော ဆောင်းရာသီ၏ နွေးထွေးမှုကို ခံစားကြပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006