နီရဲရဲ မေပယ်ရွက်ကြွေကျနေသည့် သာယာသောရှုခင်းအလှ

2019-11-26 16:30:27 |သတင်းအရင်းအမြစ် 云南日报

ဟဲလုံထန် မေပယ်ရွက်ပွဲတော်သည် ခရီးသည်များစွာကို ဆွဲဆောင်နေပြီး မေပယ်ရွက်ရှုခင်းအလှကို လာရောက်ရှုစား ကြခြင်းနှင့်အတူ ဆောင်းရာသီရှိ နွေးထွေးမှုကို ပျော်ရွှင်စွာ ခံစားကြပါသည်။

ဟဲလုံထန်ဥယျာဉ်သည် ကူမင်းမြို့ရှိနာမည်ကျော်ကြားသောမေပယ်ရွက်ရှုစားနိုင်သောနေရာ ဖြစ်ပါသည်။ နှစ်ပေါင်းများစွာပြုပြင်မွမ်းမံခြင်းဖြင့် ဥယျာဉ်တော်မှာမေပယ်ပင် အပင်ပေါင်း ၆၀၀၀ ကျော်ရှိပြီး Liquidambar formosanaHance ၊ Red Maple ၊ Shantung Maple၊ Acer palmatumThunb စသည့် မျိုးစိတ်များရှိပါသည်။ အပင်များသည် အုပ်စုလိုက်ရှိနေပြီး နီရဲတောက်ပနေသည့် မေပယ်ရွက်သည် ကူမင်းမြို့အတွက် ထူးခြားတောက်ပသော အရောင်ဖြင့် ဆင်မြန်းပေးထားသည်။ ယခုနှစ်တွင် အပူချိန်အပြောင်းအလဲကြောင့် ဟဲလုံထန်ဥယျာဉ် မေပယ်ရွက်အနီသည် မနှစ်ကထက် နောက်ကျစွာပွင့်ပြီး ယခုအချိန်သည် မေပယ်ရွက်ရှုစားရန် အသင့်တော်ဆုံးအချိန် ကျရောက်နေကာ ရှုစားနိုင်သည့်ကာလသည် ဒီဇင်ဘာလ လလယ်ပိုင်းထိ ဖြစ်ပါသည်။

သတင်းထောက်။ ။ ရန်ကျန့်(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006