ဟဲလုံထန် မေပယ်ရွက်ပွဲတော်သည် ခရီးသည်များစွာကို ဆွဲဆောင်နေပြီး မေပယ်ရွက်ရှုခင်းအလှကို လာရောက်ရှုစားကြခြင်းနှင့်အတူ ဆောင်းရာသီရှိ နွေးထွေးမှုကို ပျော်ရွှင်စွာ ခံစားကြပါသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့သည် ရက်သတ္တပတ်၏ နားရက်ဖြစ်ပြီး ဟဲလုံထန်ဥယျာဉ်တွင် ၁၅ ကြိမ်မြောက် ကူမင်း မေပယ်ရွက်ပွဲတော် ကျင်းပလျက်ရှိကာ ခရီးသည်များစွာကို ဆွဲဆောင်လျက်ရှိနေပါသည်။ နီရဲရဲ တောက်ပနေသော မေပယ်ရွက်များသည် တောင်လေတိုက်ခတ်ချိန်တွင် လွှင့်ပျံနေသည့် ရင်သပ်ရှုမောဖွယ်ရှုခင်းမှာ အင်မတန်လှပနေပါသည်။ ပျော်ရွှင်ဖွယ်ဆောင်းရာသီအချိန်ကို ခရီးသည်များက လာရောက်ခံစားကြပါသည်။