ခရီးသည်များကို မည်သို့ဆွဲဆောင်ရမည်နည်း၊ မည်သို့ ကျန်နေစေမည်နည်း။ ဒေသခံများသည် ရင်ရှင့်ကျေးရွာ ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကူးအတွေးအမြင်များပြားလာပါသည်။
ခရီးသည်များပြားလာသော်လည်း ရင်ရှင့်ကျေးရွာသည် ရှုခင်းသာရပ်ကွက်ဆိုင်ရာသယ်ဆောင်နိုင်စွမ်းအားမြှင့်တင်ရန်၊ အခြေခံပတ်ဝန်းကျင်ပြုပြင်ရန်၊ ခရီးသွားခံစားချက်များ ကြွယ်ဝများပြားလာရန် စသည့်မေးခွန်းများကို ရင်ဆိုင်နေရပါသည်။“ကျွန်တော်တို့ကစီမံကိန်းတစ်ခုကိုစီစဉ်ထားပြီဖြစ်ပြီးအပြင်ဘက်ကအတွင်းပိုင်းကိုချည်းကပ်တဲ့ နည်းလမ်းကို အသုံးပြုပြီး အခြားတစ်ဖက်က ရင်ရှင့်ရွာအသွင်အပြင်ကို ပိုကောင်းအောင် ပြောင်းလဲပါမယ်။ ပတ်ဝန်းကျင်ကျေးရွာကို ချိတ်ဆက်ပြီးဂျင့်ဂိုလမ်း၊ ဂျင့်ဂိုဥယျာဉ်၊ ဂျင့်ဂိုပြတိုက်စတဲ့ ခရီးသွားလမ်းကြောင်းကို ရှာဖွေလေ့လာမယ်။”ဟု ထိန်ချုံးစစ်ကျိကျန်းတုန်းရှုခင်းသာဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးကုမ္ပဏီမှ အထွေထွေမန်နေဂျာ လီကော်လျန်က မိတ်ဆက်ပေးပါသည်။ နောင်တွင် ကျေးရွာစီမံခန့်ခွဲရေးစနစ်ကို ရှာဖွေလေ့လာရေးကို လုပ်ဆောင်ပြီး ရင်ရှင့်ကျေးရွာကို ကျေးရွာခရီးသွားလုပ်ငန်းစံပြဇုန်ကို တည်ထောင်၍ ခရီးသည်များအတွက် စိတ်လက်ရွှင်လန်းချမ်းသာလှပသော ခရီးသွားခံစားချက်ကို ရရှိစေမည်ဖြစ်သည်။
သတင်ထောက်။ ။ ရှောင့်ဝေချင်၊ ၀မ်းမင်ထင်(ဆင်ဟွာသတင်းဌာန)