ဂျင့်ဂိုရာသီကို နောက်ထပ်ရောက်ရှိလာပါပြီ။ ဂျင့်ဂိုအ၀ါရောင်ဖြင့် တစ်ရွာလုံးကို ဆင်မြန်းပေးထားသည်။ လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ် ထိန်ချုံးမြို့ ကုတုန်းမြို့နယ် ရင်ရှင့်ကျေးရွာအတွင်း အလွန်စည်ကားနေပါသည်။ တစ်နိုင်ငံလုံးမှ ခရီးသည်များစွာသည် ရင်ရှင့်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာလှည့်ပတ်ကြည့်ရှုခြင်း၊ ဂျင့်ဂိုပင်အလှကို ရှုစားခြင်း၊ ဂျင့်ဂိုစားသောက်ပွဲကို ခံစားခြင်းတို့ဖြင့် ပျော်ရွှင်နှစ်သက်ကြပါသည်။
ရင်ရှင့်ကျေးရွာသည် ထိန်ချုံးမြို့ မြောက်ဖက် ၃၇ ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ အဆိုပါရွာတွင် သဘာဝအတိုင်းပေါက်ရောက်သော ဂျင့်ဂိုတော တရုတ်ဧက ၁ သောင်းကျော်ရှိပြီး အပင် ၃ သောင်းကျော်ရှိပါသည်။ ၎င်းအတွင်းတွင် နှစ် ၁၀၀ ကျော်သက်တမ်းရှိဂျင့်ဂိုပင်အရေအတွက်မှာ ၁၂၀၀ ကျော်ရှိပါသည်။ လွန်ခဲ့သောနှစ်ပိုင်းက ရင်ရှင့်ကျေးရွာသည် ယခုကဲ့သို့စည်ကားခြင်းမရှိပါ။ ဝေးလံခေါင်သီလှသော နေရာတွင် တည်ရှိခြင်း၊ အခြေခံအဆောက်အဦးအားနည်းချက်တို့ကြောင့် ရင်ရှင့်ကျေးရွာသည် ရှေးကတည်းကပင် ကုတုန်းမြို့နယ်ရှိ အဆင်းရဲဆုံးကျေးရွာ ဖြစ်ပြီး “ရေအမြီး”၊ “လမ်းအမြီး”၊ “လျှပ်စစ်အမြီး”ဟူသော“အမြီး ၃ ချောင်း”ရွာဟု လူသိများခဲ့သည်။