လတ်တလောရက်ပိုင်းတွင် တာ့နော့ဟဲကျေးရွာသည် “စိမ်းလန်းစိုပြေသော တောတောင်ရေမြေကို မြင်ရခြင်းနှင့် သာယာလှပသော ဇာတိကို မှတ်မိခြင်း”ဟူသော ဖွံ့ဖြိုးရေးစိတ်ကူးနှင့်အညီ ကောင်းမွန်အားသာသော ဇီဝဂေဟစနစ်နှင့် လူမှုအရင်းအမြစ်ကို အသုံးပြုပြီး ကျေးရွာခရီးသွားလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းကို အင်တိုက်အားတိုက်ဖွံ့ဖြိုးစေပါသည်။ ထို့ကြောင့် ကောင်းမွန်လှသော စီးပွားရေးအကျိုးနှင့်လူမှုဖူလုံရေးအကျိုးကို များစွာရရှိခဲ့ပြီး ရှေးဟောင်းကျေးရွာသည် ရှင်သန်နုပျိုလာပါသည်။ ၂၀၁၈ ခုနှစ်မှာ တာ့နော့ဟဲကျေးရွာတစ်ရွာလုံးသည် ဆင်းရဲမွဲတေကျေးရွာအမည်ကို ဖယ်ရှားနိုင်ခဲ့ပြီး ရွာသူရွာသားတစ်ဦးချင်းပျှမ်းမျှဝင်ငွေမှာ တရုတ်ယွမ်၂.၄ သောင်းကျော်ရှိလာပါသည်။