ယူနန်ရှီလင်။ ။နုပျိုလာသောရှေးဟောင်းကျေးရွာ

2019-12-03 18:29:10 |သတင်းအရင်းအမြစ်

နိုဝင်ဘာလ၂၈ ရက်နေ့တွင် အသက် ၆၉ နှစ်ရှိ တာ့နော့ဟဲကျေးရွာ ရွာသူဟယ်လန်ရှန်းက ရွာရှိဈေးဆိုင်၌ ဈေးဝယ်ပြီး အိမ်ပြန်လာစဉ်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဝမ်ချွန်ချောင်းက ဓာတ်ပုံရိုက်ကူးသည်။

တာ့နော့ဟဲကျေးရွာသည် ယူနန်ပြည်နယ် ကူမင်းမြို့ ရှီလင်ရီတိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ကွေးရှမ်းမြို့နယ်တွင် တည်ရှိပြီး ယခုချိန်ထိ နှစ်ပေါင်း ၆၀၀ ကျော်သမိုင်းကြောင်းရှိကာ ယူနန်ပြည်နယ် ရီတိုင်းရင်းသားယဉ်ကျေးမှုကာကွယ်စောင့်ရှောက်ရာတွင် အတော်အတန်ပြည့်စုံကောင်းမွန်နေသော ကျေးရွာတစ်ခု ဖြစ်ပါသည်။ အိမ်ဆောက်ရာတွင် လမ်းဖောက်ရာတွင် ဒေသထွက်ပစ္စည်းကို အသုံးပြုကြရာ ကျောက်တုံးဖြင့် အိမ်ဆောက်ပြီး ထူးခြားလှသော “ကျောက်တုံးမြို့”ကို တည်ဆောက်ထားပါသည်။ လက်ရှိတွင် တစ်ရွာလုံး၌ အိမ်ထောင်စုပေါင်း ၃၇၀ ကျော်ရှိပြီး လူဦးရေမှာ ၁၀၀၀ ကျော်ရှိကာ ၉၉.၈%ခန့်မှာ ရီတိုင်းရင်းသားလူမျိုး ဖြစ်ပါသည်။ ဤနေရာတွင် တောင်တန်းများ၊ မြစ်များဝန်းရံလျက်ရှိပြီး ရွာသည် ရှေးကျကာ ရှုခင်းသာယာလှပသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးယဉ်ကျေးမှုနက်ရှိုင်းပြီး ရွာသူရွာသားများသည် ပျော်ရွှင်စွာနေထိုင်ကြပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006