ဖန်ရှင်းမင်သည် အိတ်တွင် ထည့်ပြီးသားတရုတ်ဖာလာကြီးစာရင်းကို စစ်ဆေးနေပါသည်။
ဒေသပါတီကော်မတီအစိုးရသည် ဒေသခံများဆင်းရဲသောဘဝမှ ကင်းလွတ်ပြီး ချမ်းသာသောဘဝတွင် နေထိုင်နိုင်ရန် ကြွယ်ဝသော သစ်တောအရင်းအမြစ်ကို အခြေခံပြုပြီး စောင့်ရှောက်ထိန်းသိမ်းရာတွင် ဖွံ့ဖြိုးတိုးတက်စေပြီး ဖွံ့ဖြိုးရေးတွင် ဆင်းရဲနွမ်းပါးမှုကို ဖယ်ရှားပစ်စေနိုင်သည့်ပန်းတိုင်ကို တည်ထောင်ခဲ့ပါသည်။ “သစ်ပင်မခုတ် တောင်မီးမရှို့”ပဲဆင်းရဲသောဘဝမှ ကင်းလွတ်နိုင်သော စီးပွားရှာနည်းလမ်းကို လေ့လာ၍ တရုတ်ဖာလာကြီးစိုက်ပျိုးရေးကို အဓိကထားပြီး နယ်မြေဒေသထူးခြားချက်ဝိသေသရှိသော သစ်တောစက်မှုလုပ်ငန်းကို ဖြစ်ထွန်းတိုးတက်လာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သည်။