ဖန်ရှင်းမင်နှင့် သူ့ဇနီးသည် ဝင်ငွေစာရင်းကို တွက်ချက်နေပါသည်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ တူလွန်ကျန်းကျေးရွာအုပ်စုတွင် တရုတ်ဖာလာကြီးစိုက်ပျိုးမြေသည် တရုတ်ဧက ၀.၆၈ သိန်းရှိပြီး ထွက်ကုန်အရေအတွက် ၁၀၀၄ တန် ရှိပါသည်။ ထွက်ကုန်တန်ဖိုးယွမ် ၇၄.၃ သိန်းခန့် ရပြီး တရုတ်ဖာလာကြီးစိုက်ပျိုးနေသော မိသားစုသည် တစ်လလျှင် တစ်ဦးချင်းဝင်ငွေ ယွမ် ၃၀၀၀ ကျော် ရနိုင်ပါသည်။ မကြာခင် ကုန့်ဆန်းခရိုင်ကို “တရုတ်နိုင်ငံဂေဟဗေဒယဉ်ကျေးမှုဖိုရမ် ရှီရန့် နှစ်စဉ်ကွန်ဖရင့်”တွင် “မြစိမ်းရောင်ရေနှင့် စိမ်းလန်းသောတောင်သည် ချမ်းသာကြွယ်ဝသော ရွှေတောင်ငွေတောင်ဖြစ်၏”ဟူသော လက်တွေ့အသစ် တီထွင်ဖန်တီးရေးစခန်းဟု ချီးမြှင့်ခေါ်ဝေါ်ခဲ့ပါသည်။ “တရုတ်ဖာလာပင်”ငယ်လေးဖြင့် တူလွန်ကျန်းထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော အနာဂတ်သို့ လျှောက်လှမ်းနိုင်ပါသည်။
သတင်းထောက် ။ ။ဖမ်းရွက်၊ ဂျောင့်ဖူဖမ်း၊ လိုချွမ်းမင် (ဆင်ဟွာသတင်းဌာန)