လိကျန်း လောင်ကြွင်ဆန်းရှုခင်းသာဇုန်
လိကျန်းမြို့ လောင်ကြွင်တောင်ရှုခင်းသာဇုန်သည် လိကျန်းမြို့ ရွတ်လွန်ခရိုင်၌ တည်ရှိပြီး တပ်လီ၊ သီချင့်၊ နို့ကျန်းနှင့် ဆက်စပ်နေပါသည်။ ၎င်းရှုခင်းသာဇုန်သည် လိကျန်းမြို့ဟောင်းနှင့် ကီလိုမီတာ ၁၂၀ ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၉၀၀-၄၅၀၀ မြင့်ကာ ဧရိယာမှာ စတုရန်းမီတာ ၁၃၂၄.၇၇ ရှိပါသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ကောင်စီသည် ဤရှုခင်းသာဇုန်ကို နိုင်ငံတော်အဆင့် ရှုခင်းသာစာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ လောင်ကြွင်တောင်ရှုခင်းသာဇုန်ထဲက ချမ်းကွေး (“လိပ်များရှိသောပုံ” ဟူသော အဓိပ္ပာယ်ရှိပါသည်။ ) ရှုခင်းသာဇုန်သည် Danxia မြေပြင်လက္ခဏာမျိုးတွင် အင်မတန်ထူးခြားသော “လိပ်ခွံ”ပုံစံမြေမျက်နှာပြင်ကြောင့် နာမည်ကျော်ကြားသည်။ ဤနေရာတွင် ကျောက်ဆောင်အပေါ်ယံကို လေတိုက်ကာ လှိုက်စားခြင်းဖြင့် “လိပ်ခွံ”နှင့်တူသော ပုံသဏ္ဍာန် ဖြစ်ပေါ်လာခဲ့သည် ကေဘယ်လ်စီးပြီး တောင်ထိပ်သို့ သွားပါက လောင်ကြွင်တောင်ရှုခင်းသာဇုန်၏ ခန်းနားထည်ဝါသော တောင်တန်းရှုခင်းကို ခံစားကြည့်ရှုနိုင်ပါသည်။
သတင်းထောက် ဟေ့ခိုင် (ယူနန်ကွန်ရက်)