လူကူးရေကန်မှာနေရောင်ခြည်ဖြာကျနေသည်မှာရှုခင်းသာယာလှပနေပါသည်။
လူကူးရေကန်သည် ယူနန်ပြည်နယ် မြောက်ပိုင်းရှိ ယူနန်နှင့် စစ်ချွမ်းနယ်စပ်ဒေသတွင် တည်ရှိပြီး AAAA အဆင့် ရှုခင်းသာဇုန်၊ ပြည်နယ်အဆင့် ဘေးမဲ့တော၊ ပြည်နယ်အဆင့် ခရီးသွားဒေသ ဖြစ်ပြီး ယူနန်ပြည်နယ်၏ ကုန်ပြင်မြင့်ရေကန်လည်း ဖြစ်ပါသည်။ လူကူးရေကန်သည် ပြည့်စုံသော သဘာဝပတ်ဝန်းကျင်၊ သာယာသော ရှုခင်းအလှ၊ ထူးခြားသော မောစောတိုင်းရင်းသားလူမျိုးယဉ်ကျေးမှုတို့ဖြင့် အဓိကကျသော အရင်းအမြစ်နှင့် ရှုခင်းအလှကို ဖွဲ့စည်းထားပါသည်။ သဘာဝနှင့် လူမှုရေးကို ပေါင်းစပ်ပြီး အချစ်မေတ္တာ၊ မြစ်ရေ၊ တောင်တန်းများ ရောနှောနေသော လူကူးရေကန်သည် ယူနန်ပြည်နယ်ရှိ အထူးခြားဆုံးနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးခရီးသွားနေရာ ဖြစ်လာပါသည်။