ဆီးနှင်းများစွာ ကျလာပြီလား။ လူကူးရေကန်မှာ နေရောင်ခြည်ဖြာကျနေဆဲ ဖြစ်သည်။

2019-12-06 17:27:03 |သတင်းအရင်းအမြစ် 云南网

လူကူးရေကန်မှာနေရောင်ခြည်ဖြာကျနေသည်မှာရှုခင်းသာယာလှပနေပါသည်။

လတ်တလောရက်ပိုင်းတွင် နင်လောင်ခရိုင် အစိုးရနှင့် လူကူးရေကန်စီမံခန့်ခွဲရေးဌာနသည် ဇီဝဂေဟစနစ်ကို ဦးစားပေးပြီး စိမ်းလန်းစိုပြေရေးဖွံ့ဖြိုးတိုးတက်မှုကို လိုက်နာဆောင်ရွက်ပါသည်။ ရေဆိုးရေညစ်များကို လူကူးရေကန်သို့ လုံးဝဝင်ရောက်ခြင်းမရှိအောင် အင်တိုက်အားတိုက် လုပ်ဆောင်ပါသည်။ လူကူးရေကန် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာနည်းလမ်းအမျိုးမျိုးဖြင့် လူကူးရေကန်ပတ်ဝန်းကျင်အတွက် ကောင်းမွန်သင့်တော်စွာ ပြုပြင်ပြောင်းလဲလုပ်ဆောင်ပေးပြီး လူကူးရေကန် ညစ်ညမ်းမှုကို ထိရောက်စွာ ထိန်းသိမ်းထားပါသည်။ လူကူရေကန်တွင် ငှက်ကလေးများစွာ တွေ့မြင်နိုင်ပါသည်။ တောဘဲစသည့် တောရိုင်းတိရစ္ဆာန်များစွာ ရောက်ရှိလာပါသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးများပေါင်းစည်းညီညွတ်စွာ တိုးတက်လာပါသည်။ လူကူးရေကန်၏ ရေအရည်အသွေးရေရှည်တည်တံ့ခိုင်မြဲနေပြီး ယူနန်ပြည်နယ်ရှိ ကုန်းပြင်မြင့်ရေကန် ၉ ကန်ထဲတွင် ရေအရည်အသွေးအကောင်းဆုံးရေကန် ဖြစ်ပါသည်။

သတင်းထောက် ။ ။ဟယ့်ခိုင် (ယူနန်ကွန်ရက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006