ဇန်န၀ါရီလ(၁)ရက်နေ့ ရုံးပိတ်ရက်တွင် ယူနန်သည် ခရီးသည်ပေါင်း (၆၃.၅၁၄) သိန်း ဧည့်ခံကြိုဆိုခဲ့

2019-01-03 18:11:49 |သတင်းအရင်းအမြစ် 云南日报

ပဏာမကောက်ယူသည့်စာရင်းအရ ဇန်န၀ါရီလ(၁)ရက်နေ့ ရုံးပိတ်ရက်တွင် ယူနန်ပြည်နယ်တစ်ခုလုံးအတွင်း ခရီးသည်ပေါင်း (၆၃.၅၁၄)သိန်းကို ဧည့်ခံကြိုဆိုကာ အလားတူကာလထက် (၁၂.၃%) တိုးမြှင့်လာကြောင်း၊ ၎င်းအနက် တစ်ညအိပ်ခရီးသည်ပေါင်း (၂၇.၈၉၅)သိန်းကို ဧည့်ခံကြိုဆိုကာ အလားတူကာလထက် (၅.၁%) တိုးမြှင့်လာကြောင်း၊ နေ့ချင်းပြန်ခရီးသည်ပေါင်း(၃၅.၆၁၉)သိန်းကို ဧည့်ခံကြိုဆိုကာ အလားတူကာလထက် (၁၈.၇%) တိုးမြှင့်ကြောင်း၊ ခရီးသွားလာရေးဝင်ငွေ တရုတ်ယွမ်(၄.၈၂၈)ဘီလီယံရရှိပြီး အလားတူကာလထက် (၁၄.၆%) တိုးမြှင့်လာကြောင်း၊ ညအိပ်ခရီးသည်မှရရှိသောဝင်ငွေမှာ တရုတ်ယွမ်(၂.၈၃၁)ဘီလီယံဖြစ်ပြီး အလားတူကာလထက် (၇.၈%)တိုးမြှင့်လာကြောင်း၊ နေ့ချင်းပြန်ခရီးသည်မှရရှိသည့်ဝင်ငွေမှာ တရုတ်ယွမ်(၁.၉၉၇)ဘီလီယံဖြစ်ကာ အလားတူကာလထက် (၂၅.၉%) တိုးမြှင့်လာကြောင်း ယူနန်ပြည်နယ်ယဉ်ကျေးမှုနှင့် ခရီးသွားဦးစီးဌာနမှ သိရှိရပါသည်။

ယခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့ ရုံးပိတ်ရက်တွင် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ပေါင်းစပ်ခြင်းအား ယူနန်ပြည်နယ်ခရီးသွားလာရေးဈေးကွက်တွင် တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိကြောင်း၊ ရှုခင်းဇုန်များစွာတွင် ခရီးသည်အများဆုံး ကြိုဆိုရသည့်အချိန်အခါကို ကြုံလာကြောင်း၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများသည် မိမိအလုပ်နေရာတွင် ကြိုးပမ်းလုပ်ကိုင်ကာ ခရီးသည်များ ပျော်ရွှင်စွာ နေထိုင်လည်ပတ်နိုင်ရန် ကာကွယ်စောင့်ရှောက်ပေးကြောင်း သိရပါသည်။

သတင်းထောက်--Wang Huan