တရုတ်ကုမ္ပဏီလုပ်ငန်းရှင်မှ တာဝန်ခံတည်ဆောက်သော သီရိလင်္ကာတောင်ပိုင်းမီးရထားသံလမ်း စမ်းသပ်ပြေးဆွဲ

2019-01-08 18:22:45 |သတင်းအရင်းအမြစ် 新华网;云桥网

တရုတ်ကုမ္ပဏီလုပ်ငန်းရှင်မှ တာဝန်ခံတည်ဆောက်သော သီရိလင်္ကာတောင်ပိုင်းမီးရထားသံလမ်း ပထမအပိုင်းပရောဂျက်ပြီးစီး၍ ဇန်န၀ါရီလ(၆)ရက်နေ့က မီးရထားစတင်စမ်းသပ်ပြေးဆွဲခြင်းအခမ်း အနားကို သီရိလင်္ကာတောင်ပိုင်း၏ ပေလီရထမြို့တွင် ကျင်းပခဲ့သည်။ ၎င်းပရောဂျက်သည် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ပြီး ပထမအပိုင်းပရောဂျက်မှာ စုစုပေါင်း(၂၆.၇၅)ကီလိုမီတာရှည် ကာ Matara မြို့နှင့်ချိတ်ဆက်သည်။ တစ်နာရီ (၁၂၀)ကီလိုမီတာမြန်နှုန်းဖြင့် ပြေးဆွဲသည်ဟုလည်း သိရသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။

ဘာသာပြန်၊ Yunnan Gateway.