၂၀၁၉ ခုနှစ်တွင် တရုတ် နိုင်ငံခြား ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်ပြီး ပိုမိုတရား နည်းလမ်းကျစွာဖြင့် တိုးတက်မည်

2019-01-14 18:23:26 |သတင်းအရင်းအမြစ် CIR 缅文

တရုတ် အကောက်ခွန်ရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ လီခွေဝင်က ခြုံပြီးကြည့်မည် ဆိုလျှင် ၂၀၁၈ခုနှစ်က တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှုသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး သွင်းကုန်ပို့ကုန် ပမာဏသည် စံချိန်သစ် တင်ကာ ကမ္ဘာပေါ်၌ အကြီးဆုံး ကုန်ပစ္စည်း ကုန်သွယ်မှု နိုင်ငံ အဆင့်နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှုသည် ဆက်လက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုတရားနည်းလမ်းကျစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်းလည်း ယခုလ ၁၄ရက်နေ့က ပြောကြားသည်။

ထိုနေ့က တရုတ် နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် လီခွေဝင်က ၂၀၁၈ခုနှစ်က တရုတ်ပြည်သည် အဓိက ကုန်သွယ်ဖက် များနှင့် သွင်းကုန်ပို့ကုန် ပမာဏ ဘက်စုံတိုးပွားလာကြောင်း၊ Belt and Road တစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှု တိုးနှုန်းသည် ပျမ်းမျှတိုးနှုန်းထက် ၃့၆ရာခိုင်နှုန်း ပိုမြင့်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၎င်းက တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု ဖွဲ့စည်းပုံသည် ဆက်တိုက် တရားနည်းလမ်းကျလာကြောင်း၊ အကြောင်းရင်းမှာ တရုတ်ပြည် အနေနှင့် စီးပွား ကုန်သွယ်ရေး အခြေအနေ ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ပုံ--Chinanews.com