ထင်ရှားကျော်ကြားသော နိုင်ငံဖြတ်ကျော်အီလက်ထရောနစ်ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့ (၁၅)ခုသည် ကူမင်းမြို့တွင် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

2019-01-25 18:23:06 |သတင်းအရင်းအမြစ် 昆明日报

ကူမင်းမြို့ နိုင်ငံဖြတ်ကျော်အီလက်ထရောနစ်ကုန်သွယ်ရေး (e-commerence)နှင့် ပြည်ပလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကို ဇန်န၀ါရီလ(၂၃)ရက်နေ့က ကျင်းပရာ Kaola၊ JD.com စသည့် တရုတ်နိုင်ငံ ထင်ရှားကျော်ကြားသော နိုင်ငံဖြတ်ကျော် အီလက်ထရောနစ် ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့(၁၅)ခုနှင့် ကူမင်းမြို့ အီလက်ထရောနစ်ကုန်သွယ်ရေး လုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်တို့သည် ပူးပေါင်းဆောင်ရွက်မှုအတွက် အတူဆွေးနွေးကာ “ဒစ်ဂျစ်တယ် ပိုးလမ်းမကြီး”ကို ၀ိုင်းဝန်းတည်ဆောက်ပြီး ကူမင်းနိုင်ငံဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စွာ မြှင့်တင်စေမည်ဖြစ်သည်။

ကူမင်းအထွေထွေ လွတ်လပ်သောကုန်သွယ်ရေးဇုန် စမတ်ဂိတ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Li Lei)

ကူမင်းသည် တောင်အာရှ၊ အရှေ့တောင်အာရှသို့ မျက်နှာပြုသော တည်နေရာ အားသာချက်များရှိသကဲ့သို့ပင် တရုတ်ပြည်တွင်း နိုင်ငံဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်ရေး ဖော်ဆောင်သည့် ရှေ့တန်းရောက်ဒေသ ဖြစ်လာမည် ဖြစ်ကြောင်း၊ ကူမင်းနှင့် ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ပိုမို ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ ထင်ရှားကျော်ကြားသော နိုင်ငံဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များက အသီးသီး ပြောကြားကြသည်။

ယခုနှစ်ပိုင်း ကူမင်းမြို့သည် နိုင်ငံဖြတ်ကျော်အီလက်ထရောနစ်ကုန်သွယ်ရေး အထွေထွေ စမ်းသပ်ဇုန်ကို တည်ဆောက်ခွင့်ပြုနိုင်ခဲ့သည့်အခွင့်ကောင်းကို ဆုပ်ကိုင်ကာ နိုင်ငံဖြတ်ကျော်အီလက်ထရောနစ်ကုန်သွယ်ရေးကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရန် တက်ကြွသောဆန္ဒ ရှိနေကြသည်။ ပေါ်လစီ၊ ကူးသန်းရောင်းဝယ်ရေးပတ်ဝန်းကျင် စသည့်နယ်ပယ်များအားဖြင့် အားသာချက်များ သာလွန်လှပါသည်။ အနာဂတ်တွင် တရုတ်ပြည်တွင်း နိုင်ငံဖြတ်ကျော် အီလက်ထရောနစ်ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့များသည် ကူမင်းနှင့်ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံဖြတ်ကျော်အီလက်ထရောနစ်ကုန်သွယ်ရေးလုပ်ငန်း ချိန်းကြိုးကို အတူဖန်တီးကာ “ဒစ်ဂျစ်တယ် ပိုးလမ်းမကြီး”ကို အတူတည်ဆောက်ရန် “ကမ္ဘာ့ကုန်ပစ္စည်းကို ကူမင်းတွင်ရောင်းချခြင်း၊ ကူမင်းကုန်ပစ္စည်းကို ကမ္ဘာ့တစ်ဝှမ်း ရောင်းချခြင်း” ဟူသောရည်မှန်းချက်ပန်းတိုင်ကို တစိုက်မတ်မတ် ဖော်ဆောင်သွားမည် ဖြစ်သည်။

(သတင်းထောက်--Chen Hui)