“နန်ကျန်ထောင့်ချိုင်” အကသည် ကျေးရွာဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိ

2019-02-27 18:24:52 |သတင်းအရင်းအမြစ် 云南日报

၂၀၁၉ ခုနှစ် နွေဦးပွဲတော်ကတည်းကပင် နန်ကျန်ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ကျေးရွာများတွင် “နန်ကျန်ထောင့်ချိုင်”အကဖျော်ဖြေတင်ဆက်မှုအဖွဲ့များကို အနှံ့အပြား တွေ့ရှိနိုင်ပါသည်။ ရွှင်မြူးတက်ကြွသော နှဲမှုတ်သံနှင့် ကြီးကျယ်ခမ်းနားသောတင်ဆက်မှုဖြင့် ယီတိုင်းရင်းသားကျေးရွာတွင် နွေဦးပွဲတော်ကို စည်ကားစွာကြိုဆိုကြရာ မင်္ဂလာကျက်သရေအပေါင်းနှင့် ပြည့်လျှံနေပါသည်။ ထို့ပြင် “နန်ကျန်ထောင့်ချိုင်”အကဖျော်ဖြေတင်ဆက်မှု ထူးခြားချက်ရှိလုပ်ငန်း သည်လည်း ရှင်သန်ပေါ်လွင်လာပါသည်။

“နန်ကျန်ထောင့်ချိုင်”အကသည် နန်ကျန်ကျော်ကြားသော ရိုးရာတိုင်းရင်းသား ယဉ်ကျေးမှုအနုပညာ ဖြစ်သည့်အတွက် ဒုတိယအသုတ် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ရေးစာရင်းတွင် ထည့်သွင်းသတ်မှတ်ခြင်းခံရပါသည်။ ယခုနှစ်ပိုင်းတွင် နန်ကျန်ခရိုင်သည် ကျေးရွာဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ဖော်ဆောင်ရန်အတွက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကို ဆက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဖြင့်“နန်ကျန်ထောင့်ချိုင်”အကအနုပညာကို အဆင့်မြှင့်တင်ခဲ့သည်။ ယခုအခါ ထောင့်ချိုင်အကအနုပညာရှင် (၁၀၀)ဦးကို မွေးထုတ်ခြင်း၊ ထောင့်ချိုင်အက ဖျော်ဖြေတင်ဆက်မှုအဖွဲ့(၁၀၀)၊ ကျော်ကြားသောထောင့်ချိုင်ကျေးရွာ(၁၀၀)ကိုဖန်တီးခြင်း၊ ထောင့်ချိုင်ဇာတ်ခုံ(၁၀၀)ကိုတည်ဆောက်ခြင်း၊ ကျော်ကြားသောထောင့်ချိုင်အကဖျော်ဖြေမှု စားသောက်ဆိုင်(၁၀၀)ကို ထောက်ပံ့ခြင်းဟူသော “တစ်ရာ-ငါးခု”စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အဆိုပါခရိုင်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူ(၆၁)ဦး၊ ကျေးရွာထောင့်ချိုင်တင်ဆက်မှုအဖွဲ့(၅၀)ကျော်ကို မွေးထုတ်နိုင်ခဲ့သည်။ “နန်ကျန်ထောင့်ချိုင်”သည် ရိုးရာယဉ်ကျေးမှုကို ဆက်ခံသော၊ ကျေးရွာဖွံ့ဖြိုးတိုးတက်စေသော ထူးခြားသောယဉ်ကျေးမှုလုပ်ငန်း ဖြစ်လာပါသည်။

သတင်းပို့သူ--Shi Zhihong