တရုတ်တစ်ပြည်လုံး အမျိုးသားအရပ်ဖက်လေကြောင်းလိုင်း နွေ၊ ဆောင်းကူးရာသီ အချိန်ဇယား ညှိနှိုင်းခြင်း အစည်းအဝေးကို စန်းတုံးပြည်နယ်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၁) မှ (၂၅)ရက်နေ့ထိ ကျင်းပခဲ့ပြီး ယူနန်ပြည်နယ်တီချင့်ပြည်နယ်ခွဲ ပြည်သူ့အစိုးရနှင့် လေဆိပ်ဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
သတင်းအရ ယခုအကြိမ်အစည်းအဝေးသည် တီချင့်ပြည်နယ်ခွဲအတွက် အကျိုးရလဒ်များစွာရရှိပါသည်။ လေကြောင်းလိုင်းရာသီအလိုက် အချိန်ဇယားရေးဆွဲပြီးနောက် တီချင့်ပြည်နယ်ခွဲ၏ လေကြောင်းလိုင်း သည် မျှော်မှန်းထားသည့် (၂၅.၂%)ထိတိုးများလာပြီး လေကြောင်းလိုင်းကွန်ယက်သည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ရှင်းကျင့် စသည့် တရုတ်မြို့ပြကြီးများကို လွှမ်းခြုံနိုင်မည်ဖြစ်သည်။ ထို့ပြင် ယခုနှစ်နွေရာသီကျောင်းပိတ်ရက်ကာလတွင် တီချင့်လေဆိပ် လေယာဉ်ပျံသန်းမှု နေ့စဉ် အကြိမ်ပေါင်း (၂၀)ရောက်ရှိနိုင်မည်ဖြစ်ပြီး တီချင့် လေကြောင်းလိုင်းသမိုင်းတွင် နေ့စဉ်ပျံသန်းခြင်းအကြိမ် အများဆုံး စံချိန်တင် ရောက်လာရာ တီချင့်ပြည်နယ်ခွဲ၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အကျိုးဆောင်ကျဉ်းပေးနိုင်မည်။
(Yunnan Gateway)