လွန်ခဲ့သည့် ၆နှစ် အတွင်း တရုတ် ဆင်းရဲသူ ဦးရေ သန်း၈၀ လျော့နည်း

2019-03-07 17:25:34 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်စေရေးနှင့် ဖွံ့ဖြိုးရေး ဦးဆောင်အဖွဲ့ရုံး ဥက္ကဋ္ဌ လျူယုံဖူက လွန်ခဲ့သည့် ၆ နှစ် အတွင်း တရုတ်ပြည်သည် တိကျမှန်ကန်သော ဆင်းရဲမှု ပပျောက်စေရေး ဆောင်ရွက်ချက်များကို ပြုလုပ်သောကြောင့် ဆင်းရဲသူ ဦးရေမှာ ၂၀၁၂ ခုနှစ်က ၉၈ သန်း ၉ သိန်း ၉ သောင်းရှိရာမှ ၂၀၁၈ ခုနှစ်က ၁၆ သန်း ၆ သိန်း အထိ လျော့နည်းပြီး ဆင်းရဲသူ ဦးရေ သန်း ၈၀ ကျော် လျော့နည်းသွားကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်သည် ဆင်းရဲသူဦးရေကို သန်း ၁၀ နောက်ထပ် လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုလ ၇ ရက်နေ့က ပေကျင်းတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ထို့အပြင်၊ ၎င်းက တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်၍ ဆင်းရဲမှု ပပျောက်စေရေးလုပ်ငန်းကို ရေရှည်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်းလည်း ပြောကြားသည်။

(Online photo)