ချူရွံ့ပြည်နယ်ခွဲ ယွမ်မုန်ခရိုင် လျောင်ချန်ကျေးရွာ၏ စပျစ်သီးတွေ မှည့်နေပြီ

2019-03-29 18:45:33 |သတင်းအရင်းအမြစ် 云南网

ချူရွံ့ပြည်နယ်ခွဲ ယွမ်မုန်ခရိုင် လျောင်ချန်ကျေးရွာတွင် တရုတ်ဧကတစ်သောင်းကျော်ရှိ စပျစ်သီးခြံတွင် အသီးလှိုင်လှိုင်ထွက်ရှိနေပြီး သင်းရနံ့ ပျံ့လွင့်ကာ ခရီးသည်များအား ဆွဲဆောင်လျက်ရှိသည်။

အ၀ယ်ဒိုင်တွင် စပျစ်စိုက်ပျိုးသူ ၀မ်ရင်ချွမ်သည် စပျစ်သီးများကို ပါကင်ထုပ်နေပြီး အလုပ်ရှုပ်နေသည်။ လတ်ဆတ်သော၊ ခံတွင်းတွေ့စေသော စပျစ်သီးများကို အသေးစိတ် ပါကင်ထုပ်ပြီးနောက် အခြားသော ပြည်နယ်များနှင့် ဒေသအသီးသီးသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။ နှစ်ပေါင်း(၂၀)ကျော်အတွင်း လောင်ချန်ကျေးရွာသည် စပျစ်သီးစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်နေပြီ ဖြစ်သည်။ အမှည့်စော၊ အမှည့်နှောင်းသည့် အမျိုးအစား (၂၀)ကျော် ရှိပါသည်။ ယနေ့ထိတိုင် ဒေသထူးခြားသော အဓိကလုပ်ငန်းဖြစ်ကာ တစ်ရွာလုံးရှိ စိုက်ပျိုးအိမ်ထောင်စု (၇၀)ကျော်အတွက် များပြားသောဝင်ငွေကို ဆောင်ကြဉ်းပေးနေသည်။

စပျစ်သီးလုပ်ငန်း တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသ၏ လယ်ယာခရီးသွားအပန်းဖြေရေးလုပ်ငန်းကို တွန်းအားပေးစေသည်။ ကျေးရွာခရီးသွားစံပြဇုန်ဖြစ်သည့် လောင်ချန်ကျေးရွာ စပျစ်သီးခြံ ခေတ်နှင့်အညီထူးခြားသော လယ်ယာအပန်းဖြေဇုန်တွင် စပျစ်သီးမှည့်သည့်ရာသီရောက်တိုင်း ခရီးသည်များစွာက လာရောက်လှည့်ပတ်ကာ ကိုယ်တိုင်ခူးယူ စားသုံးကြသည်။
သတင်းထောက်--Rao Yong