၂၀၁၉ ခုနှစ် ပထမ ၃ လပတ်တွင် ယူနန်ပြည်နယ်၏ ပြည်ပကုန်သွယ်မှု ၁၃.၄% တိုးမြှင့်လာ

2019-04-17 17:48:39 |သတင်းအရင်းအမြစ်

အခွန်တော်ရုံးမှ ထုတ်ပြန်သောသတင်းအရ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်တွင် ယူနန်ပြည်နယ်၏ ပြည်ပသွင်းကုန်ပို့ကုန်ပမဏသည် ယွမ် ၅၀.၁၂ ဘီလီယံ ရှိ၍ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃.၄% တိုးမြှင့်လာသည်။ ပို့ကုန်ကဏ္ဍတွင် ယွမ် ၂၁.၅၈ ဘီလီယံရှိ၍ ၃၁.၈% တိုးမြှင့်လာပြီး သွင်းကုန်ကဏ္ဍတွင် ယွမ် ၂၈.၅၄ ဘီလီယံ ရှိ၍ ၂.၅% တိုးမြှင့်လာသည်။

ပထမ ၃ လပတ်တွင် ပုံမှန် သွင်းကုန်ပို့ကုန်ပမာဏသည် ယွမ် ၃၃.၈၈ ဘီလီယံ ရှိ၍ 19.9% တိုးမြှင့်ပြီး တစ်ပြည်နယ်လုံး ပြည်ပကုန်သွယ်ရေး၏ ၆၇.၆% ရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၇% တိုးမြှင့်လာသည်။ တစ်ပြည်နယ်လုံး နယ်စပ်ဒေသကုန်သွယ်ရေးတွင် နယ်စပ်ဒေသခံအချင်းချင်း သွင်းကုန်ပို့ကုန်ပမာဏသည် ယွမ် ၇.၂၁ ဘီလီယံရှိ၍ ၁၇.၅% တိုးမြှင့်လာသည်။

ယူနန်ပြည်နယ်သည် အဓိကကုန်သွယ်ဈေးကွက်နှင့် ကောင်းမွန်းတိုးတက်မှုနှုန်း အရှိန်အဟုန်ကို ဆက်ခံ၍ တိုးမြှင့်နေသည်။ ပထမ ၃ လပတ်တွင် ယူနန်ပြည်နယ်သည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ရှိ နိုင်ငံများဆိုင်ရာ ကူးသန်းရောင်းဝယ်မှု ပမာဏသည် ယွမ် ၃၅.၁၂ ဘီလီယံ ရှိ၍ ၅.၃% တိုးမြှင့်လာရာ တစ်ပြည်နယ်လုံးဆိုင်ရာ ပြည်ပသွင်းကုန်ပို့ကုန်ပမာဏ၏ ၇၀.၁% ရှိသည်။ ၎င်းအတွင်းတွင် အာဆီယံနိုင်ငံ ကုန်သွယ်မှုတွင် ၁၂.၉%၊ လက်တင်အမေရိကနိုင်ငံ ကုန်သွယ်မှုတွင် ၇၁.၅% ၊ ဥရောပနိုင်ငံ ကုန်သွယ်မှုတွင် ၄၀.၄% တိုးမြှင့်လာသည်။

အဓိကပို့ကုန်ကုန်စည်ဆိုင်ရာ ပို့ကုန်ရောင်းဝယ်ရေးသည် လျင်မြန်စွာ တိုးမြှင့်နေသည်။ ပထမ ၃ လပတ်တွင် ယူနန်ပြည်နယ်ဆိုင်ရာ စက်ယန္တရား ပို့ကုန်တွင် ၃၅.၄% တိုးမြှင့်သည်။ လယ်ယာထွက်ပစ္စည်း ပို့ကုန်တွင် ၁၅.၅% တိုးမြှင့်သည်။ လူ့စွမ်းအားအရင်းအမြစ်အသုံးများသော ထုတ်ကုန်ကုန်စည် ပို့ကုန်တွင် ၅၂.၆% တိုးမြှင့်သည်။ ယေဘုယျအားဖြင့် ယူနန်ပြည်နယ်၏ ပို့ကုန်သည် ပထမ ၃ လပတ် ကုန်သွယ်မှုပမာဏ တိုးမြှင့်နေခြင်းမှာ ထင်ဟပ်ပေါ်လွင် နေသည်။ ဇန်န၀ါရီလမှ မတ်လအထိ ပြည်ပသွင်းကုန်ပို့ကုန်ပမာဏတိုးမြှင့်ခြင်းအတွက် ၈၈.၂% ပံ့ပိုးပေးနေရာ ၁၁.၈% ဦးဆောင်တိုးမြှင့်လာသည်။