မေဒေးရုံးပိတ်ရက်များတွင် ယူနန်၏ မီးရထားလမ်းနှင့် လေကြောင်းလမ်း ခရီးသည်ပို့ဆောင်ရေး ရှင်သန်ဖြစ်ထွန်း

2019-05-07 17:30:56 |သတင်းအရင်းအမြစ် 云南日报

မေဒေးရုံးပိတ်ရက်များတွင် ယူနန်ပြည်နယ်၏ မီးရထားလမ်းဖြင့်ပို့ဆောင်သော ခရီးသည်ဦးရေမှာ ၁၂.၀၉ သိန်းရှိ၍ ၄၀.၅% တိုးမြှင့်လာသည်။ ၎င်းအနက် မြန်နှုန်းမြင့်ရထားဖြင့် ပို့ဆောင်သော ခရီးသည်ဦးရေမှာ ၆.၄ သိန်းရှိ၍ ၁၅၄.၄% တိုးမြှင့်လာသည်။ မေလ ၁ ရက်နေ့တွင် ပို့ဆောင်သော ခရီးသည်ဦးရေမှာ ၂.၉၉ သိန်းရှိပြီး မေဒေးရုံးပိတ်ရက်တွင် စံချိန်တင်များပြားခဲ့သည်။

ယူနန်ပြည်နယ်ဆိုင်ရာ မီးရထားလမ်းကြောင်းကွန်ရက်သည် အဆက်မပြတ် ပြည့်စုံကောင်းမွန်လာ၍ ခရီးသည်များသည်လည်း ခရီးစဉ်အတွက် မြန်နှုန်းမြင့်ရထားကို ပထမဦးဆုံး ရွေးချယ်တတ်ကြသည်။ များသောအားဖြင့် ခရီးသည်များ၏ ပြည်နယ်အတွင်းတွင် လှည်ပတ်ကြည့်ရှုနေသော အခြေအနေအပေါ် မူတည်၍ ကူမင်းမီးရထားလမ်းပန်းဆက်သွယ်ရေးဌာနသည် ခရီးသည်၏လိုအပ်ချက်ကို ကြိုတင်စီမံပြီး ယာယီမီးရထားများ အပိုစီစဉ်ပေးခြင်း၊ မြန်နှုန်းမြင့်ရထား ပေါင်းကူးလှည့်ပတ်ခြင်း စသဖြင့် ပို့ဆောင်ရေးစွမ်းအင်အား မြှင့်တင် ဆောင်ရွက်ပေးသည်။

ယခုနှစ် မေဒေးရုံးပိတ်ရက်များတွင် ကူမင်းဆိုင်ရာမီးရထား အပိုစီစဉ်ပေးခြင်း အရေအတွက်သည် အများဆုံးနှစ်ဖြစ်သည် ဟုသိရပါသည်။ မေဒေးရုံးပိတ်ရက်များတွင် မီးရထားအပိုစီစဉ်ပေးခြင်း အများဆုံးနေ့မှာ တာ့လီသို့ မြန်နှုန်းမြင့်ရထား အသွားအပြန်(၈)စီးစီ၊ မွန်ကျိသို့ မြန်နှုန်းမြင့်ရထား အသွားအပြန်(၂)စီးစီ၊ ဟုနင်သို့ မြန်နှုန်းမြင့်ရထား အသွားအပြန်(၂)စီးစီ၊ မီလဲ့သို့ မြန်နှုန်းမြင့်ရထား အသွားအပြန်(၂)စီးစီ၊ ရိုးရိုးရထား အသွားအပြန် (၄)စီးစီ၊ ပေါင်းကူးလှည်ပတ်သော မြန်နှုန်းမြင့်ရတား အသွားအပြန်(၁၈.၅)စီးစီ ရှိသည်။ မေဒေးရုံးပိတ်ရက်များတွင် ယာယီမီးရထားများ စုစုပေါင်း(၁၁၆)စီး အပိုစီစဉ်ပြီး ရိုးရိုးမီးရထားခေါက်ရေ စုစုပေါင်း(၂၄၆)ကြိမ် အပိုစီစဉ်ပေးခဲ့သည်။ မီးရထားပြေးဆွဲခြင်း အများဆုံးနေ့တွင် မီးရထားအသွားအပြန်(၁၆၉.၅)စီးစီရှိ၍ ရိုးရိုးမီးရထားအသွားအပြန်(၅၈.၅)စီးစီ၊ မြန်နှုန်းမြင့်ရထား အသွားအပြန်(၁၁၁)စီးစီ ရှိသည်။

ယခုနှစ် မေဒေးရုံးပိတ်ရက်များတွင် မြန်နှုန်းမြင့်ရထားဖြင့် တာ့လီ၊ လိကျန်း၊ မီလဲ့၊ ဖူကျယ်ဟဲသို့ သွားရောက်လည်ပတ်သော ခရီးသည်ဦးရေသည် အများဆုံးတိုးတက်လာသည်ကို ခရီးသည်များ၏ ခရီးစဉ်များအရ သိရပါသည်။ ခရီးသည်များ၏ လိုအပ်ချက်အတွက် ရုံးပိတ်ရက်ဆိုင်ရာ မီးရထားလည်ပတ်မှုအစီအစဉ်ဖြင့် ကျင့်သုံး၍ ကူမင်း-လိကျန်း မြန်နှုန်းမြင့်ရထားမှာ အသွားအပြန်(၃)စီးစီမှ (၆)စီးစီအထိ အပိုစီစဉ်ပေးထားသည်။ ရုံးပိတ်ရက်များတွင် ကူမင်းမှ တာ့လီ၊ မီလဲ့၊ ဖူကျယ်ဟဲ သို့သွားမည့်ခရီးသည်များစွာ ရှိနေသည်ကို မူတည်ပြီး မေလ ၂ ရက်နေ့မှစ၍ ကူမင်း-တာ့လီ မြန်နှုန်းမြင့်ရထားမှာ အသွားအပြန်(၈)စီးစီဖြင့် အပိုစီစဉ်ပေးခြင်း၊ ကူမင်း-ဟုနင် မြန်နှုန်းမြင့်ရထားမှာ အသွားအပြန်(၄)စီးစီဖြင့် အပိုစီစဉ်ပေးခြင်းအားဖြင့် မြန်နှုန်းမြင့်ရထားဆိုင်ရာ ပို့ဆောင်ရေးစွမ်းအင်အား မြှင့်တက်လာသည်။

မြို့ပြလေကြောင်းခရီးတွင် မေဒေးရုံးပိတ်ရက်များအတွင်း တစ်ပြည်နယ်လုံးရှိ လေယာဉ်ကွင်း(၁၅)ခုသည် လေယာဉ်သွားလာရေးအရေအတွက်သည် ၅၈၄၄ ကြိမ်ရှိပြီး ပို့ဆောင်သော ခရီးသည်ဦးရေမှာ ၇.၇၅ သိန်းရှိကာ ပို့ဆောင်သော ကုန်စည်ပမာဏမှာ ၅၁၆၁.၉၄ တန်ရှိသည်။ ၎င်းအနက် ကူမင်းလေယာဉ်ကွင်းသည် လေယာဉ်သွားလာရေးအရေအတွက် ၃၇၄၀ ကြိမ်ရှိပြီး ပို့ဆောင်သော ခရီးသည်ဦးရေမှာ ၅.၁သိန်းရှိကာ ပို့ဆောင်သော ကုန်စည်ပမာဏမှာ ၄၆၂၄.၄၄ တန်ရှိသည်။ ကူမင်းလေယာဉ်ကွင်းတွင် လေယာဉ်သွားလာရေးအရေအတွက် အများဆုံးနေ့သည် မေ လ ၁ ရက်နေ့ဖြစ်ပြီး အ၀င်အထွက် ၉၆၅ ကြိမ်ရှိသည်။ ပို့ဆောင်သော ခရီးသည်ဦးရေ အများဆုံးမှာ ၁.၃၅ သိန်းရှိသည်။ ကူမင်းလေယာဉ်ကွင်း ဂိတ်ဖွင့်ပေးနှုန်းသည် ၉၄.၂၅% ရှိ၍ ၀.၁၄% တိုးတက်လာပြီ ဖြစ်သည်။ မေဒေးရုံးပိတ်ရက်များတွင် တစ်ပြည်နယ်လုံးရှိ လေယာဉ်ကွင်း(၁၅)ခုမှာ ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး မတော်တဆမှု လုံဝမရှိခဲ့ပေ။

(သတင်းထောက်။ ။ဟူရှောင်ယုံ)