ယခုနှစ်ပထမ ၄လပိုင်းတွင် တရုတ်ပြည်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသုံးပြုသော လုပ်ငန်း ကုမ္ပဏီသစ် ၁သောင်း၃ထောင်ကျော်ရှိ

2019-05-17 18:40:02 |သတင်းအရင်းအမြစ် CIR

ယခုနှစ် ပထမ ၄လပိုင်းတွင် တရုတ်ပြည်၌ အသစ်ဖွဲ့စည်းထားရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြုသော လုပ်ငန်းကုမ္ပဏီ ၁ သောင်း ၃ ထောင်ကျော်ရှိကြောင်း တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနမှ သတင်းအရ သိရသည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါသည်။

သက်ဆိုင်ရာစာရင်းအရ ယခုနှစ် ပထမ ၄ လပိုင်းက ယင်းလုပ်ငန်းကုမ္ပဏီသစ်များက နိုင်ငံခြားရင်းနှီးငွေ လက်တွေ့ကျကျအသုံးပြုခြင်းပမာဏမှာ ၃၀၅့၂၄ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆့၎ ရာခိုင်နှုန်းတိုးလာကြောင်း သိရပါသည်။