တရုတ်နိုင်ငံတကာစီးပွားရေးကူးလူးဖလှယ်ရေးစင်တာနှင့် Bloombergတို့ပူးပေါင်း ကျင်းပသော ၂၀၁၉ခုနှစ် ”ဆန်းသစ်တီထွင်ရေးစီးပွားရေးဖိုရမ်”ကို နိုင်ဝင်ဘာလ ၂၀ရက်နေ့မှ ၂၂ရက်နေ့အထိ ပီကင်းတွင်ကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသ ၆၀ကျော်မှ ကုမ္ပဏီခေါင်းဆောင်၊ သိပ္ပံနည်းပညာဆန်သစ်တီထွင်သူ၊ အစိုးရအရာရှိနှင့် တတ်သိပညာရှင်စုစုပေါင်း ၅၀၀ခန့်သည် ဖိုရမ်သို့တက်ရောက်၍ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဆွေးနွေးပြီး ဖြေရှင်းမှုနည်းလမ်းများကို ရှာဖွေကြမည်ဖြစ်ကြောင်း၊ ယင်းဖိုရမ်သည် တစ်ကမ္ဘာလုံးစီးပွားရေးစီမံခန့်ခွဲမှု၊ စီးပွားကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ ငွေရင်းဈေးကွက်၊ ရာသီဥတုပြောင်းလဲမှု၊ သက်ညာထောက်ထားမှုရှိသောဖွံ့ဖြိုး တိုးတက်မှုနှင့် မြို့ပြတည်ဆောက်ရေးစသော နယ်ပယ်များမှ လူအများအာရုံစိုက်ကြသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးမည်ဖြစ်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။