ဒစ်ဂျစ်တယ် ယူနန် ဖွံ့ဖြိုးဖို့ ကြိုးစားကြပါစို့

2019-05-28 19:13:05 |သတင်းအရင်းအမြစ်

၂၀၁၉ ခုနှစ် နိုင်ငံတကာ စမတ်ခရီးသွားလာရေး အစည်းအဝေးနဲ့ Tencent ကမ္ဘာ့ဒစ်ဂျစ်တယ်ဂေဟ အစည်းအဝေးကို ယူနန်ပြည်နယ် ကူမင်းမြို့မှာ မေလ(၂၁)ရက်ကစပြီး (၃)ရက်တာ ကျင်းပခဲ့ရာ အောင်သီး သီးနေတဲ့ ယူနန်စမတ်ခရီးသွားလာရေးကို အရှိန်မြင့်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ "ဒစ်ဂျစ်တယ်ယူနန်" တည်ဆောက်ရေးကို တစိုက်မတ်မတ် မြှင့်တင်ဖို့ ပိုပြီး မှန်ကန်တဲ့၊ တိုးတက်တဲ့၊ ခွန်အားရှိတဲ့ လမ်းကြောင်းမှာ လျှောက်လှမ်းစေဖို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

၂၀၁၉ ခုနှစ် နိုင်ငံတကာ စမတ်ခရီးသွားလာရေး အစည်းအဝေးမှာ "ဖုန်းတစ်လုံးဖြင့် ယူနန်သို့ လည်ပတ်ခြင်း" လို့ ဆိုတဲ့ စီမံကိန်းဟာ ယူနန်ပြည်နယ်ရဲ့ "အင်တာနက်+ခရီးသွားလာရေး" ကို ကိုယ်စားပြုပြီး ဒစ်ဂျစ်တယ်ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး ပေါင်းစပ်ခြင်းရဲ့ အထိမ်းအမှတ်သင်္ကေတ စီမံကိန်း ဖြစ်လာပါတယ်။

"ဖုန်းတစ်လုံးဖြင့် ယူနန်သို့ လည်ပတ်ခြင်း" လို့ ဆိုတဲ့ စီမံကိန်းဟာ ကမ္ဘာကို အံ့သြစေတဲ့ စမတ် ခရီးသွားလာရေး စီမံကိန်းတစ်ရပ် ဖြစ်ပါတယ်။ ခရီးသွားလာရေးလုပ်ငန်းရှင်တွေကို အားကျစေတဲ့ စီမံကိန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အာရှတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာဒေသ ခရီးသွားလာရေးအသင်းက CEO မဟာဗျူဟာအကြံပေးပုဂ္ဂိုလ် John Koldowski ဟာ လက်တွေ့ခံစားပြီးနောက် လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ အွန်လိုင်းတင်ပြီးနောက် "ဖုန်းတစ်လုံးဖြင့် ယူနန်သို့ လည်ပတ်ခြင်း" ဟာ ရက်ပေါင်း ၆၀၀ ကျော်မှာ ခရီးသည်ပေါင်း သန်း(၂၀)ကို ဝန်ဆောင်မှုပေးခဲ့တယ်။ အသုံးဝင်တဲ့ နည်းပညာနဲ့ mini apps တွေကို ဖော်ထုတ်လုပ်ကိုင်ရင်းနဲ့ ပြီးပြည့်စုံအောင် အဆင့်မြှင့်တင်ပေးနေတာမှာ အကြိမ် ၂၀ မြောက်ထိ အဆင့်မြှင့်တင် ပေးနိုင်ခဲ့တယ်။

ဥပမာဆိုရင် "မျက်နှာကို scan ဖတ်ခြင်း" ဆိုတဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ရင် လက်ရှိအချိန်မှာ "ယူနန်သို့ လည်ပတ်ခြင်း" APP အသုံးပြုပြီး ယူနန်ပြည်နယ်အတွင်းရှိတဲ့ ရှုခင်းဇုန်(၉၁)ခုနဲ့ လေဆိပ်(၁၅)ခုမှာ မျက်နှာကို scan ဖတ်ပြီး ၀င်ရောက်နိုင်ပါတယ်။ လက်ရှိ "ယူနန်သို့ လည်ပတ်ခြင်း" APP ဟာ ကူမင်းမြို့မှာရှိတဲ့ ဟိုတယ်နှစ်ခုမှာ ယူနန်ပြည်နယ် ပထမအသုတ် စမတ်ဟိုတယ်ကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ ဇွန်လမှာ ဘက်စုံ အသုံးပြုနိုင်ပါမယ်။

ဒစ်ဂျစ်တယ်တံတားကြီးကတစ်ဆင့် ယူနန်ရိုးရာလုပ်ငန်းနဲ့ ခေတ်မီဆန်းသစ်တဲ့လုပ်ငန်းတို့ဟာ အပြီးသတ် အဆင့်မြှင့်တင်မှုကို ဆောင်ရွက်နေတယ်။

လက်ရှိအချိန်မှာ Tencent ကုမ္ပဏီဟာ ကူမင်းသံလမ်းပို့ဆောင်ရေးကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ "မြေအောက်ရထားစီး QRcode" ကို ကူမင်းမြို့မှာ အသုံးပြုလာပါတယ်။ မြို့သူမြို့သားနဲ့ ခရီးသည်တွေဟာ "မြေအောက်ရထားစီး QRcode" လို့ဆိုတဲ့ wechat mini app ဖြင့် ၀ ဒသမ ၂ စက္ကန့်အတွင်း လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်တယ်။

လက်ရှိအချိန်မှာ " Tencent မီရင့် (MIAIS)" လူထုစမတ်ဆေးကုသရေးနဲ့ လူထုစမတ်အကူအညီ ကုသရေးစတဲ့ အထူးဝန်ဆောင်မှုကို ကူမင်းမြို့အမှတ်(၁)ပြည်သူ့ဆေးရုံမှာ အောင်မြင်စွာ အသုံးပြုခဲ့တယ်။ ဒါဟာ ယူနန်ပြည်နယ် ပထမဆုံးအသုံးပြုတဲ့ လူထုစမတ်ဆေးကုသရေး ဝန်ဆောင်မှု ဖြစ်တယ်။

ယူနန်ပြည်နယ် ဒေသလုပ်ငန်းအဖွဲ့ဖြစ်တဲ့ အိုင်ရှယ့်အလ်နည်းပညာကုမ္ပဏီဟာ 5G အဓိကဖွံ့ဖြိုးမှု လမ်းကြောင်းမှာ ရပ်တည်လျက် ရှိပါတယ်။ China Telecom နဲ့ ပူးပေါင်းပြီး "စမတ် ကျောက်တောဥယျာဉ်" လက်တွေ့ခံစားခြင်းစီမံကိန်းကို တည်ဆောက်ခဲ့တယ်။ မေလ လကုန်မှာ အဆိုပါရှုခင်းဇုန်အတွင်း အသုံးပြုနိုင်ပါတော့မယ်။

Tencent ကမ္ဘာ့ဒစ်ဂျစ်တယ်ဂေဟ အစည်းအဝေးမှာ ကြေညာလိုက်တဲ့ "၂၀၁၉ ခုနှစ် ဒစ်ဂျစ်တယ် တရုတ်နိုင်ငံအညွှန်း အစီရင်ခံစာ" အရ ဒစ်ဂျစ်တယ်ယူနန်အညွှန်းကိန်းဟာ အလားတူကာလထက် (၇၅%) တိုးမြှင့်လာတယ်။ ဒစ်ဂျစ်တယ်အဆင့်မြှင့်တင်ပြောင်းလဲမှုမှာ ကြီးမားတဲ့ တွန်းအားနဲ့ ဒစ်ဂျစ်တယ် ယူနန်အတွက် ကြိုးစားကြပါစို့။