မီတု အာလူး အရောင်းသွက်လျက်ရှိ

2019-05-29 18:05:42 |သတင်းအရင်းအမြစ် 云南日报

ယခုရက်ပိုင်းက မီတုခရိုင် အာလူးစိုက်ပျိုးရေးအခြေစိုက်စခန်းတွင် အလုပ်များနေသည်ကို တွေ့ရပါသည်။ ဒေသခံပြည်သူများသည် အာလူးများကို တူးဖော်ကာ ထုပ်ပိုးပြီး ကုန်တင်ကားပေါ် သယ်ဆောင်နေကြသည်။ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဝူဟန့် စသည့်ဒေသများသို့ တင်ပို့ရောင်ချရန် စီစဉ်လျက်ရှိနေပါသည်။

ယခုနှစ်ပိုင်းက မီတုခရိုင်သည် မြေသြဇာကို အဆင့်မြှင့်တင်ကာ အလှည့်ကျသီးနှံစိုက်ခြင်း၊ မျိုးကောင်းများကို ဖြန့်ဖြူးပေးခြင်း၊ စံပြစိုက်ပျိုးခြင်း စသည့်အထွေထွေနည်းပညာ လုပ်ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်ဧက (၃)သောင်းကျော်ရှိ မြစိမ်းရောင် အာလူးစိုက်ပျိုးရေးအခြေစိုက်စခန်းကို ထူထောင်ခဲ့သည်။ ထုတ်ကုန်များသည် အဝယ်တော်များ၏ နှစ်သက်ခြင်းကို ခံနေရပါသည်။

သတင်းပို့ပေးသူ--Li Wuhua