ကုန်သွယ်ညှိနှိုင်းပွဲရှိ ယူနန်ပြည်နယ်ထွက် ထူးခြားသော ကုန်စည်များ

2019-06-14 18:13:05 |သတင်းအရင်းအမြစ် 云桥网

ဇွန်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ညှိနှိုင်းပွဲ (အောက်ပိုင်းတွင် ကုန်သွယ်ညှိနှိုင်းပွဲ ဟုအတိုခေါ်သည်) သည် ကူမင်းတျန်ချီ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တွင် ကျင်းပပြုလုပ်ပါသည်။ ကုန်သွယ်ညှိနှိုင်းပွဲသည် “တံခါးဖွင့်ရှေ့တန်းတွင် အတူတူစုစည်းခြင်း၊ လွှမ်းအုပ်ဖြာထွက်ဗဟိုကို အတူတူတည်ထောင်ခြင်း၊ စည်ပင်သာယာဖွံ့ဖြိုးတိုးတက်မှုကို အတူတူမျှဝေခံစားခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည်။ ပြခန်းစုစုပေါင်း ၁၇ ခုစီစဉ်ထားပြီး ဧရိယာမှာ စတုရမ်းကီလိုမီတာ ၁.၇ သိန်းရှိ၍ ပြကွက်နေရာစုစုပေါင်း ၇၅၀၀ ရှိသည်။ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း (၇၄)ခု၊ ပြည်တွင်းပြည်နယ် (မြို့နယ်၊ ပြည်နယ်ခွဲ)မှ ကုမ္ပဏီစုစုပေါင်း ၃၃၈၄ ခု၊ တရုတ်ထိုင်ဝမ်ဒေသ စက်မှုလုပ်ငန်းအသင်းချုပ် စသည့် အဖွဲ့အစည်းကိုယ်စားလှယ်ဦးရေစုစုပေါင်း ၅၀၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်း တာဝန်ခံနှင့် စီးပွားရေးနယ်ပယ်ခေါင်းဆောင် စသည့် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၆၀ ကျော် တက်ရောက်လာ ကြသည်။ ၎င်းတို့အနက်တွင် ကမ္ဘာ့အင်အားအကြီးဆုံးကုမ္ပဏီ ၅၀၀ စာရင်းဝင်ကုမ္ပဏီ ၂၀ ခု၊ ပြည်တွင်းအင်အားအကြီးဆုံးကုမ္ပဏီ ၅၀၀ စာရင်းဝင်ကုမ္ပဏီ ၁၈ ခုနှင့် အခြားနာမည်ကျော်ကြားသောကုမ္ပဏီ ၇၈ ခု ပါဝင်ပါသည်။