တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းဖြင့် တရုတ်ပြည်တွင်းသို့ ရေနံစိမ်းတန်ချိန် သန်း(၂၀) ပို့လွှတ်ခဲ့

2019-06-26 18:40:47 |သတင်းအရင်းအမြစ် 央视新闻客户端

ဇွန်လ (၂၄)ရက်နေ့ မြန်မာနိုင်ငံစံတော်ချိန် နံနက်(၈)နာရီတွင် တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်းဖြင့် ရေနံစိမ်း တန်ချိန် သန်း(၂၀)ကို ပို့လွှတ်ခဲ့ပြီး ရေနံတင်သင်္ဘော (၈၃)စီးသို့ ရေနံတင်ချခဲ့သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသအတွက် အရေးပါသော စွမ်းအင်သွင်းယူရန်လမ်းကြောင်းကို ထောက်ပံ့ပေးပြီး စွမ်းအင်အရင်းအမြစ်ထောက်ပံ့မှု စနစ်ကို ထူထောင်ခဲ့သည်။

တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်းသည် ၂၀၁၇ ခုနှစ် ဧပြီလ(၁၀)ရက်နေ့က ရေနံစိမ်းပို့ဆောင်ရေးသဘာတူ ညီချက်စာချုပ်ကို လက်မှတ်ရေးထိုးပြီး မေလ(၂)ရက်နေ့က မဒေးကျွန်းပထမဂိတ်တွင် ရေနံစိမ်းပို့လွှတ်ရန် တရားဝင် စတင်ခဲ့သည်။ မေလ(၁၉)ရက်နေ့က ပထမအသုတ် ရေနံစိမ်းသည် နမ့်ခမ်းစစ်ဆေးရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံကို ရောက်ရှိခဲ့သည်။

တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်းအရှည်မှာ မြန်မာနိုင်ငံအတွင်း (၇၇၁)ကီလိုမီတာ ရှည်လျားပြီး ပင်လယ် မြောင်းနက် (၈)ကြောင်း၊ ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ကို ဖြတ်ကျော်ကာ ရခိုင်တောင်တန်း၊ ရှမ်းပြည်နယ် ကုန်းပြင်မြင့်ကို ကျော်လွှားခဲ့သည်။ လမ်းတစ်လျှောက်လုံး မြေအနေအထား ရှုပ်ထွေးပြီး ရေမျက်နှာပြင်ဒီဂရီကွာခြားမှု ကြီးမားပါသည်။ အမြင့်ဆုံးနေရာမှာ (၁၄၇၅)မီတာ ရှိပါသည်။ အုပ်ချုပ်ရန် အလွန် ခက်ခဲပါသည်။ တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်း စတင် လည်ပတ်ပြီးနောက် နည်းပညာဖြင့် အုပ်ချုပ်ခြင်း၊ လုံခြုံရေး အလေးထားခြင်း တို့ကိုဖော်ဆောင်ခဲ့သည်။ လည်ပတ် ဆောင်ရွက်ပြီးသည့် (၂)နှစ်အချိန်အတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် လည်ပတ်ခဲ့သည်။ တရုတ်-မြန်မာရေနံစိမ်း ပိုက်လိုင်း (ကမ်းလွန်အပိုင်း) သည် ၂၀၁၉ ခုနှစ် ဇွန်လ(၈)ရက်နေ့က "ရေနံစီမံကိန်းရွှေဆု"ကို ချီးမြှင့်ခံရသည်။ ၂၀၁၉ ခုနှစ်-၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်အဆင့် အရည်အသွေးကောင်းမွန်သော စီမံကိန်းဆုကြေညာနိုင်ရန် လျှောက်ထား လျက်ရှိကြောင်း သိရသည်။

(သတင်းထောက်--Wang Yuezhou)