၂၀၁၉ ခုနှစ် နွေရာသီဒါဗို့စ်ဖိုရမ်သည် ခေတ်သစ်တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးကို အာရုံစိုက်

2019-07-04 18:09:50 |သတင်းအရင်းအမြစ် CRI

၂၀၁၉ ခုနှစ် နွေရာသီဒါဗို့စ်ဖိုရမ်သည် ယခုလ ၃ ရက်နေ့က တရုတ်နိုင်ငံ တာလျန်းမြို့၌ ကျင်းပပြီးစီးသွားပြီဖြစ်ကြောင်း၊ “ဦးဆောင်မှု 4.0 ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်နေသော ခေတ်သစ်တွင် အောင်မြင်မှုရရှိရန်” ကို ဆောင်ပုဒ်အဖြစ်ထားသော ၄င်းဖိုရမ်တွင် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေးအနေနှင့် ကမ္ဘာ့ စီမံခန့်ခွဲမှုအတွက် အကျိုးရှိသော အတွေ့အကြုံများမည်သို့ ထောက်ပံ့ပေးမည်အပေါ် အာရုံစိုက် ဆွေးနွေးကြကြောင်း တရုတ်မီဒီယာအုပ်စုမှ သတင်းအရ သိရပါသည်။

စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာမည့် အခြေအနေမျိုးတွင် ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေးအုပ်စုဖြစ်သည့် တရုတ်နိုင်ငံက တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း အကောင်အထည်ဖော်ရေးကို ဖိုရမ်တက်ရောက်သူများမှ စိတ်ဝင်စားကြ သတင်းအရ သိရပါသည်။