“ဒီနေ့ မနက် တောင်ပေါ်မှာသဘာဝမှိုခူးဆွတ်ပြီး ပြန်ဆင်းလာတော့ ယွမ်(၁၀၀)ကျော်ဖိုးရောင်းရတယ်။”ဟုယူနန်ပြည်နယ် ကွမ်နန်ခရိုင် လျန်ချန်မြို့နယ် ဂျူလန်ရွာရွာသူဝမ်နိုင်ချွန်သည် ပီတိလျှမ်းဖြာပြီးပြောပြသည်။
ယခုအချိန်တွင် သဘာဝမှိုများစွာပေါ်ထွက်ချိန်ဖြစ်ရာကွမ်နန်ခရိုင်ဒေသခံများသည် တောတောင်များကိုအမှီပြုပြီးပိုက်ဆံရှာကြသည်။ တောင်ပေါ်သို့ သဘာဝမှိုများကိုသွားရောက် ခူးဆွတ်ကြသည်။ ရွာသူရွာသားများသည် သဘာဝမှိုရောင်းရသည့်ဝင်ငွေကောင်းလာသည့်အတွက်ကြောင့် သဘာဝမှိုသည် ကွမ်နန်တောင်သူများအတွက် ၀င်ငွေတိုးများစေသည့် မြစိမ်းရောင်လုပ်ငန်းတစ်ခု ဖြစ်လာပါသည်။
ယခုရက်ပိုင်းတွင် ကွမ်နန်ခရိုင် လျန်ချန်မြို့နယ်ရှိနလွန်ဈေးတန်းတွင် သဘာဝမှိုအပြည့်သယ်ဆောင်လာသည့်ရွာသူရွာသားများစွာကိုနေရာအနှံ့တွင်တွေ့ရှိနိုင်ပါသည်။ ပလိုင်းတွင် သုံးဆောင်နိုင်သောသဘာဝမှိုများကိုအပြည့် သယ်ဆောင်ကြပါသည်။ အာရုံတက်ချိန်မှစ၍ သူမကနေ့စဉ်နေ့တိုင်းတောင်ပေါ်သို့ သဘာဝမှိုခူးဆွတ်ရန် ထွက်ခွာပြီးမွန်းလွဲပိုင်းတွင် ခူးဆွတ်ရရှိသောသဘာဝမှိုများကိုဈေးတန်းတွင် ရောင်းချရာ နေ့စဉ်ဝင်ငွေမှာ ယွမ်(၅၀)မှ(၂၀၀)ဝန်းကျင်ရှိပါသည်။
ယခုနှစ်ပိုင်းတွင် ကွမ်နန်ခရိုင်သည် သဘာဝသစ်တောကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားပြီးဆောင်ရွက်နေပါသည်။ သဘာဝသစ်တောသယံဇာတ ထိန်းသိမ်းရေးကို မြှင့်တင်ဖော်ဆောင်လျက်ရှိပါသည်။ သဘာဝပတ်ဝန်းကျင်လည်း တဖြည်းဖြည်းကောင်းမွန်လာပါသည်။ သဘာဝမှိုလုပ်ငန်းလည်း ကြီးထွားလာပါသည်။ အရည်အသွေးကောင်းမွန်ပြီးလတ်ဆတ်သော သဘာဝမှိုများသည် ဈေးကွက်တွင် ၀ယ်သူစိတ်ကြိုက် အားပေးခြင်းကိုခံရပါသည်။ ထွက်ကုန်များကိုယူနန်ပြည်နယ်နှင့်ပြင်ပဒေသသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
သတင်းထောက်--Huang Peng၊ သတင်းပို့သူ--Hu Jun