ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် ဗဟိုလုပ်ငန်းကုမ္ပဏီများ၏ အသားတင် အမြတ်အစွန်းသည် ၈့ ၆ ရာခိုင်နှုန်း တိုးလာ

2019-07-17 18:31:46 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ဓနဥစ္စာ ကြီးကြပ်စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူးချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ပွန်ဟွာကမ်က၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် ဗဟိုလုပ်ငန်းကုမ္ပဏီများ၏ အသားတင် အမြတ်အစွန်းသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့ ၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဗဟိုလုပ်ငန်းကုမ္ပဏီများ၏ စီးပွါးရေးလည်ပတ်မှုအခြေအနေသည် ခြုံပြီး ကြည့်လျှင် တည်ငြိမ်မှုထဲတွင် တိုးတက်နေသည့် အရှိန်ကောင်းကို ထိန်းသိမ်းထားနိုင်ကြောင်း ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ရှင်းလင်းပြောကြား ခဲ့ပါသည်။

ယခုနှစ် ဇူလိုင်လအထိ နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ဓနဥစ္စာ ကြီးကြပ် စီမံခန့်ခွဲရေး ကော်မတီမှ စီမံအုပ်ချုပ်သော ဗဟိုလုပ်ငန်းကုမ္ပဏီသည် ၉၆ ခု ရှိကြောင်း သတင်းရရှိပါသည်။ (ကျော့)