တရုတ်ပြည်တွင် မှတ်တမ်းတင်ထားသည့် လုပ်ငန်းထူထောင်ရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာရန်ပုံငွေစုစုပေါင်ပမာဏ ယွမ်ငွေ ၁ ထရီလီယံ(trillion)ကျော်ရှိ

2019-07-19 18:39:56 |သတင်းအရင်းအမြစ် CRI

ကမ္ဘာ့လုပ်ငန်းထူထောင်ရေးရင်းနှီးမြှုပ်နှံမှုနှင့် စွန့်စားမှုမကင်းသောရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ပတ်လည် စက္ကူဖြူစာတမ်း (၂၀၁၉)ကို ယခုလ ၁၈ ရက်နေ့က တရုတ်ပြည် ချင်းတော်မြို့၌ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းစက္ကူဖြူစာတမ်းအရ လွန်ခဲ့သည့် ၃ နှစ်အတွင်း တရုတ်ပြည်သည် ကမ္ဘာ့လုပ်ငန်းထူထောင်ရေးရင်းနှီးမြှုပ်နှံမှုနှင့် စွန့်စားမှုမကင်းသော ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏ၏ ၄ ပုံ ၁ ပုံခန့်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ကုန်ပိုင်းအထိ တရုတ်ပြည်တွင် မှတ်တမ်းတင်ထားသည့် လုပ်ငန်းထူထောင်ရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာရန်ပုံငွေအရေအတွက်မှာ ၇၀၅၅ ခုရှိပြီး ရန်ပုံငွေပမာဏမှာ တရုတ်ယွမ်ငွေ ၁ ထရီလီယံ ၁၀ ဘီလီယံရှိကာ အမေရိကန်နိုင်ငံကို ကျော်လွန်ခဲ့ကြောင်း သတင်းအရသိရပါသည်။