တရုတ်နိုင်ငံတော်စာရင်းအင်းဌာနမှ ယခုလ၂၈ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ပဏာမတွက်ချက်ခြင်းအားဖြင့် ၂၀၁၈ ခုနှစ်က တရုတ်တစ်ပြည်လုံးရှိ “လုပ်ငန်းအသစ် ၃ ခု”၏ စီးပွားရေးတိုးတက်မှုပမာဏသည် ဂျီဒီပီ၏ ၁၆.၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ခုနှစ်ကထက် ၀.၃ ရာခိုင်နှုန်း
တိုးများလာကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။
အဆိုပါ စီးပွားရေးလုပ်ငန်းသစ် ၃ ခုသည် ထုတ်လုပ်ရေးလုပ်ငန်းသစ်၊ လုပ်ငန်းအခြေအနေသစ် နှင့် ကုန်သွယ်မှုပုံစံသစ် ဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။