၂၀၁၉ ခုနှစ်ပထမနှစ်ဝက်ပိုင်းတွင် တရုတ်အိမ်သုံးအီလက်ထရွန်ပစ္စည်းများ ဈေးကွက်ပမာဏမှာ တရုတ်ယွမ်ငွေ ၄၂၉.၇ ဘီလီယံရှိ

2019-07-30 18:35:12 |သတင်းအရင်းအမြစ် CRI

တရုတ်အီလက်ထရွန်ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးရေးသုတေသနဌာနမှ ယခုလ၂၉ ရက်နေ့မှ ပီကင်းမြို့၌ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်ပိုင်း တရုတ်အိမ်သုံးအီလက်ထရွန်ပစ္စည်းများ ဈေးကွက်အစီရင်ခံစာကို ထုတ်ပြန်ပြီး ယခုနှစ်ပထမနှစ်ဝက်ပိုင်း တရုတ်ပြည်၏ အိမ်သုံးအီလက်ထရွန်ပစ္စည်းလုပ်ငန်း တည်ငြိမ်စွာ လည်ပတ်လျက်ရှိပြီး ထုတ်လုပ်ရေးနှင့် ရောင်းချရေးပမာဏမှာ မနှစ်ကအလားတူအချိန်ကာလကထက် ပိုမိုများပြားကြောင်း၊ တရုတ်ပြည်တွင်းလက်လီရောင်းချမှုစုစုပေါင်းပမာဏသည် တရုတ်ယွမ်ငွေ ၄၂၉.၇ ဘီလီယံရှိကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။