တရုတ်ချစ်သူများနေ့ ပန်းစည်းလက်ဆောင်ကြောင့် ကူမင်းပန်းမန်စီးပွားရေး ပိုမိုဖြစ်ထွန်း

2019-08-08 18:16:32 |သတင်းအရင်းအမြစ် 云南网

တရုတ်ရိုးရာချစ်သူများနေ့ (တရုတ်သက္ကရာဇ် သတ္တမရက်ည) ဆင်နွှဲရန်အတွက် ကူမင်းချာကျဲ့ ပန်းဈေးတွင် လက်ဆောင်နှင်းဆီပန်းစည်းများ ထုပ်ပိုးလျက် ရှိကြသည်။ ဆန်းပြားစုံလင်သော တရုတ်ချစ်သူများနေ့လက်ဆောင်ပန်းစည်း၏ ပံ့ပိုးနိုင်မှုသည် ဝယ်လိုမှု အားလုံးကို မဖြည့်စွမ်းနိုင်ပေ။

ပန်းကုန်သည်များ၏ မိတ်ဆက်ချက်အရ "တရုတ်ရိုးရာချစ်သူများနေ့" တွင် ဝယ်လိုမှု များပြားသည့်အတွက်ကြောင့် ကူမင်းလတ်ဆတ်သော ပန်းမန်ဈေးကွက်တွင် အနီရောင်နှင်းဆီပန်း ၏ ဈေးနှုန်းမှာ ၅၀% ထိဈေးတက်လာပါသည်။ လတ်ဆတ်သောပန်းမန်ပမာဏမှာလည်း ပုံမှန်နေ့များထက် ၃ ဆမှ ၄ဆ တိုးလာပါသည်။ ယခုနှစ် နေ့ထူးနေ့မြတ်ပန်းမန်၏ ဈေးနှုန်းမှာ တရုတ်ယွမ် ၂၀၀ ကျော်မှ ၁၀၀၀ ကျော် ဖြစ်ပြီး ဈေးနှုန်းတိုးမြှင့်နှုန်းမှာ ၅၀% ခန့်ရှိသည်။

တရုတ်ရိုးရာချစ်သူများနေ့ပန်းမန်သည် အထူးမှာယူသောဧည့်သည်များ၏ လိုအပ်မှုနှင့် လက်လီရောင်းချမှုကို ဖြည့်စွမ်းပေးကြသည်။ အမှတ်တရနှင်းဆီပန်းစည်းအား ချောပို့လုပ်ငန်းဖြင့် တရုတ်နိုင်ငံဒေသအသီးသီးသို့ တင်ပို့ရောင်းချသည်။ အွန်လိုင်းမှာယူခြင်းနှင့် ရောင်းချခြင်း ပမာဏမှာ သိသာစွာ တိုးများလာသည်ကို တွေ့ရပါသည်။

သတင်းထောက်--Yang Zheng