အွန်လိုင်းတိုက်ရိုက်ရောင်းချခြင်းဖြင့် လိကျန်းမြို့ဟွာဖိန်၏သရက်သီးရောင်းကောင်းလျက်ရှိ

2019-08-28 18:21:29 |သတင်းအရင်းအမြစ် 云南网

လိကျန်းမြို့ဟွာဖိန်ခရိုင်သည် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ပြသခြင်းနှင့် အွန်လိုင်းရောင်းချခြင်း တို့ဖြင့် ဟွာဖိန်ထွက်သရက်သီးများ၏ ၂၀၁၈ ခုနှစ် ဝင်ငွေပမာဏသည် ပထမဦးဆုံးအကြိမ် သန်းပေါင်း (၁၀၀)ကျော်ခဲ့သည်။

ယခုရက်ပိုင်း လိကျန်းမြို့ဟွာဖိန်ခရိုင်တွင် ကျင်းပသောသရက်သီးယဉ်ကျေးမှုပွဲ၏ သရက်သီး မိတ်ဆက် ကြော်ငြာရာ၌ အွန်လိုင်းနာမည်ကျော်ကြားသူများသည် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ပြသခြင်းဖြင့် ဟွာဖိန်သရက်သီးကို တင်ပြမိတ်ဆက်ကြသည်။

ဟွာဖိန်ခရိုင်ကောင်းကျယ်ရွာမှ ဝမ်ကျောင်းသည် အဆိုပါ အွန်လိုင်းနာမည်ကျော်ကြားသူများအနက် တစ်ယောက်ဖြစ်ပြီး သူမ၏မိတ်ဆက်ခြင်းအရ သူမနှင့်သူမ၏ခင်ပွန်းသည်“ကွိုင့်ရှူ”ဟုခေါ်သော App တွင် ပရိသတ် (၂.၇)သန်းရှိပြီး အွန်လိုင်းပလက်ဖောင်းအားလုံးတွင် ပရိသတ်(၄)သန်းရှိသည်။ ယခု အချိန်ထိတိုင် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ပြသရောင်းချခြင်းဖြင့် သရက်သီးတရုတ်ပိဿာ (၂)သိန်း (ကီလိုဂရမ် တစ်သိန်း)ကိုရောင်းချနိုင်ခဲ့ကာ ရွာရှိသရက်သီးစိုက်မိသားစု(၆၀)ခန့်အား ငွေဝင်တိုးရန် လက်တွေ့ကူညီပေးခဲ့သည်။

ဟွာဖိန်ခရိုင်တွင် ဝမ်ကျောင်းလင်မယားကဲ့သို့သောအွန်လိုင်းထုတ်လွှင့်ပြသခြင်းဖြင့် ကုန်ပစ္စည်းရောင်းချ သူဦးရေ (၃၀)ကျော်ရှိသည်။ လိကျန်းဟွာဖိန်ရွှေသရက်ဇီဝဖွံ့ဖြိုးရေးကုမ္ပဏီ၏ရုံးခန်းတွင် အလုပ်သမား များသည် သရက်သီးခွဲဝေခြင်း၊ အလေးချိန်ခြင်းနှင့်ထုတ်ပိုးခြင်းကို ဆောင်ရွက်နေသည်ကို သတင်းထောက်က တွေ့မြင်ခဲ့ရပြီး cold-chain သယ်ယူပို့ဆောင်မှုဖြင့် တစ်ပြည်လုံးနေရာအသီးသီးသို့ တင်ပို့သွားမည်ဖြစ်သည်။

အဆိုပါကုမ္ပဏီ၏ သက်ဆိုင်ရာတာဝန်ရှိသူ၏မိတ်ဆက်ခြင်းအရ လွန်ခဲ့သောနှစ်ပိုင်းတွင် ကုမ္ပဏီ၏ ရောင်းချငွေပမာဏသည် စုစုပေါင်းတရုတ်ငွေ(၆၈)သန်းသို့ ရောက်ရှိပြီး ၎င်းအနက် အွန်လိုင်းအရောင်း ဖြင့် ရရှိသောဝင်ငွေသည် (၄၉)သန်းရှိကာ စုစုပေါင်းရောင်းချငွေပမာဏ၏ထက်ဝက်ကျော် ပိုများသည်။

ယခုအချိန်တွင် ဟွာဖိန်ခရိုင် သရက်သီးစိုက်ပျိုးမြေအကျယ်အဝန်းသည် တရုတ်ဧက (၃၃.၆)(၅.၅၄ ဧက)ခန့်ရှိပြီး ယူနန်ပြည်နယ်အတွင်း သရက်သီးစိုက်ပျိုးသောအကျယ်ဆုံးနေရာဖြစ်သည်။ အသီးထွက်ပမာဏလည်း ယူနန်ပြည်နယ်တွင် အများဆုံးနေရာဖြစ်သည်။ ခရိုင်အတွင်း အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းနှင့် အွန်လိုင်းအရောင်းစနစ်ဖြင့် သရက်သီးအား တရုတ်ပြည်တွင်း နေရာ အသီးသီးသို့ ရောင်းချခြင်းအပြင် ရုရှား၊ ဗီယက်နမ်စသည့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနေ သည်။

သတင်းအရင်းအမြစ် ။ ။ Yunnan Gateway.