စားသုံးမှု အဆင့်တိုးမြင့်ခြင်းသည် တရုတ် စီးပွားရေး အတွက် အားကောင်းသော တွန်းအားပေးမှု ဖြစ်နေ

2019-10-09 16:12:56 |သတင်းအရင်းအမြစ် CRI

အောက်တိုဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တရုတ် အမျိုးသားနေ့ ရုံးပိတ်ရက်များ အတွင်း တရုတ် ပြည်တွင်း ခရီးသွား ဝင်ငွေ ပမာဏမှာ ယွမ်ငွေ ၆၄၉့၇၁ ဘီလီယံ ရှိကြောင်း၊ စားသုံးမှုသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးအကြီးဆုံးသော တွန်းအားပေးမှု ဆက်တိုက် ဖြစ်နေကြောင်း၊ လက်ရှိ ကမ္ဘာ့ စီးပွားရေး ကျဆင်းသည့် ဖိအားပေးမှု ကြီးမားလာပြီး ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒနှင့် တစ်ဖက်သတ်ဝါဒများ ပြန့်ပွားနေသည့် အခြေအနေမျိုးတွင် ယင်းသည် ပြည်ပမှ မိုးဒဏ်လေဒဏ်များကို ခုခံကာကွယ်ရန် တရုတ် စီးပွားရေး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်ကြောင်းလည်း China Media Groupက ရေးသားဖော်ပြသည်။

၂၀၁၈ ခုနှစ်က စားသုံးမှုသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြီးဆုံး တွန်းအားပေးမှု ၅ နှစ် ဆက်တိုက် ဖြစ်နေကြောင်း၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စားသုံးမှု၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ရာခိုင်နှုန်း ၆၀ ကျော်ရှိကြောင်း၊ ဝင်ငွေ အဆက်မပြတ် တိုးပွားလာသောကြောင့် ပြည်သူများ၏ စားသုံးမှု လိုအင်ဆန္ဒသည်လည်း တိုးပွားလာနေကြောင်း၊ တရုတ် ကုမ္ပဏီများသည် ပိုမိုကောင်းမွန်သော အရည်အသွေး ရှိသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများဖြင့် စားသုံးသူများ၏ ကြိုက်နှစ်သက်မှု ရရှိကြောင်း China Media Group က ရေးသားဖော်ပြသည်။