ငွေရေးကြေးရေးလုပ်ငန်းများ တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ရေးသည်၊ ”တရုတ်ပြည်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်”ကို ပေါ်လွင်စေသည်

2019-10-18 17:37:08 |သတင်းအရင်းအမြစ် CRI

တရုတ်အစိုးရသည် ယခုရက်များက နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသော အာမခံကုမ္ပဏီများ ၏ စီမံအုပ်ချုပ်ရေးစည်းမျဉ်းဥပဒေများနှင့် တရုတ်ပြည်ရှိ နိုင်ငံခြား ဘဏ္ဍများ၏ စီမံအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေများအချို့ကို ပြင်ဆင်မည်ဖြစ်ပြီး၊ ဘဏ္ဍလုပ်ငန်းနှင့် အာမခံလုပ်ငန်းများ တစ်ဆင့်တက် တံခါးဖွင့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ယင်းသည်၊ စီးပွားရေးနယ်ပယ်၌ တရုတ်ပြည်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကို ပေါ်လွင်လာစေ သည့်အပြင်၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှုတွင် တွန်းအားသစ် ထည့်သွင်းပေးလိုက်သည်။

ငွေရေးကြေးရေးကို ခြေလှမ်းမှန်မှန်ဖြင့် အားဖြည့် ဆောင်ရွက်နေသော တရုတ်ပြည်၏ ရဲစွမ်းသတ္တိသည်၊ ကာလရှည်ကြာပြီး ကောင်းမွန်စွာ တိုးတက်နေသော စီးပွားရေးအခြေခံမှ အစပြုသကဲ့သို့၊ အဆက်မပြတ်ပေါ်ထွန်းလာသော စီးပွားရေးတိုးတက်မှုတွန်းအားသစ်နှင့် ဆက်တိုက်ပြင်းထန်လာနေသော ငွေရေးကြေးရေးလုပ်ငန်းများအကြား ယှဉ်ပြိုင်အားမှ အစပြုလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေများ ပြင်ဆင်ခြင်းသည်၊ ငွေရေးကြေးရေးလုပ်ငန်းတိုးချဲ့နက်ရှိုင်းစွာ တံခါးဖွင့်ရန် တရုတ်ပြည်၏ ယုံကြည်စိတ်နှင့် သန္နိဋ္ဌာန်ကို ပြဆိုနေပြီး၊ ပိုမိုများပြားသော နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများအား တရုတ်ပြည့်သို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်လာနိုင်မည်ဖြစ်သည်။