ဆက်တိုက်ဖွံ့ဖြိုးရေးဖိုရမ် ပီကင်းတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်

2019-10-25 17:48:05 |သတင်းအရင်းအမြစ် CRI

ဆက်တိုက်ဖွံ့ဖြိုးရေးဖိုရမ်ကို ယခုလ ၂၄ ရက်နေ့က ပီကင်းတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ရာ၊ ”တရုတ်ပြည် ၂၀၃၀ ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးရေးအစီအစဉ် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေး တိုးတက်မှုဆိုင်ရာ အစီရင်ခံစာ (၂၀၁၉)”ကို တရားဝင် ထုတ်ပြန် ခဲ့ကြောင်း၊ ယင်းအစီရင်ခံစာတွင် ပြီးခဲ့သည့် ၂ နှစ် အတွင်း ဆက်တိုက်ဖွံ့ဖြိုးရေး တွန်းအား ပေးရာ၌ တရုတ်ပြည်၏ ကြိုးပမ်းအားထုတ်မှုများကို စုံစုံလင်လင် ရေးသားဖော်ပြခဲ့ကြောင်း China Media Group က ဖော်ပြသည်။

တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒု ဥက္ကဋ္ဌ လီပင်းက တရုတ်ပြည်အနေနှင့် ဆက်တိုက်ဖွံ့ဖြိုးရေးအစီအစဉ်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးရေး မဟာဗျူဟာကို ပေါင်းစပ်ပြီး၊ ဆင်းရဲမှုပပျောက်စေရေး၊ မက္ကရိုစီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစသည့် ဆက်တိုက် ဖွံ့ဖြိုးရေး ရည်မှန်းချက်များတွင် အရေးကြီးသည့် တိုးတက်မှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။