ဖူမင်ခရိုင်တွင် လယ်ယာအထူးထွက်ကုန်မိတ်ဆက်ပွဲကျင်းပ

2019-10-28 17:38:55 |သတင်းအရင်းအမြစ် 云桥网

“ကောင်းပါတယ်၊ တော်တော်လေးကိုကောင်းပါတယ်။”
အောက်တိုဘာလ ၂၅ ရက်နေ့က လယ်ယာအထူးထွက်ကုန်မိတ်ဆက်ပွဲအား ကူမင်းမြို့ ဖူမင်ခရိုင် နိုင်ငံတော်ကုန်းပြင်မြင့်ဒေသ ယူနန်သီးနှံဥယျာဉ်၌ ကျင်းပခဲ့ပြီး အရည်အသွေးကောင်းမွန်သော လယ်ယာအထူးထွက်ကုန်အသီးသီးသည် ပါဝင်တက်ရောက်သူများ၏ ဂုဏ်ပြုချီးကျူးခြင်းကို ခံခဲ့ရပါသည်။ အဆိုပါမိတ်ဆက်ပွဲတွင် ကုမ္ပဏီ ၁၂ ခုသည် ပြသခြင်း၊ သုံးသပ်ခြင်း၊ မိတ်ဆက်ခြင်းတို့ဖြင့် ဖူမင်ခရိုင်ထွက် လယ်ယာအထူးထွက်ကုန်များကို အသေးစိတ် မိတ်ဆက်ပေးပါသည်။

အဆိုပါအခမ်းအနားသည် ဖူမင်ခရိုင်အစိုးရမှ ဦးစီးကျင်းပသည်ဖြစ်ပါသည်။ မိတ်ဆက်ပွဲတွင် အနက်ရောင်ကြက်သွန်ဖြူ၊ ပန်းမန်၊ ဘေဘယ်ရီကုန်ချောထုတ်ကုန်၊ ဟင်းသီးဟင်းရွက်ကုန်ချောထုတ်ကုန်၊ တိုင်လူမျိုးရိုးရာဆေးဝါးဆိုင်ရာအလှကုန်ပစ္စည်း၊ သစ်ခွပန်း၊ တောမှို၊ ဆန်စပါးစသဖြင့် မိတ်ဆက်ပေးပါသည်။ “နွေဦးရာသီမှာ ချယ်ရီသီးထွက်၊ နွေရာသီမှာ ဘေဘာရီသီးရှိ၊ ဆောင်းဦးရာသီမှာ ပန်းသီးမှည့်၊ ဆောင်းရာသီမှာ မက်မုံသီးပေါ်လာ၍ တစ်နှစ်ပတ်လုံးရာသီ ၄ ခုစလုံးတွင် အမြဲတမ်းပန်းပွင့်ပြီး သစ်သီးဝလံအမြဲထွက်ရှိနေ”ဆိုသည်မှာ ဖုမင်ခရိုင်ဆိုင်ရာအပန်းဖြေလယ်ယာစိုက်ပျိုးရေး၏ သရုပ်ဖော်ချက် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်အတွင်း ဖူမင်ခရိုင်ဆိုင်ရာ စိုက်ပျိုးရေး၊ သစ်တော၊ တိရိစ္ဆာန်မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၏ ကုန်ထုတ်တန်ဖိုးပမာဏသည် တရုတ်ယွမ် ၁.၁၇၆ ဘီလီယံထိ တိုးတက်လာပြီး သစ်သီးဝလံစိုက်ပျိုးဧရိယာမှာ တရုတ်ဧက ၁၀.၇ သိန်းကျော်ရှိသည်။ ဖူမင်ခရိုင်သည် “နာမည်ကျော်ကြားသော၊ ထူးခြားလှပသော၊ အရည်အသွေးကောင်းမွန်သော၊ အသစ်ဖြစ်သော၊ နည်းပါးရှားလှသော”အထူးသီးနှံထွက်ကုန်ဥယျာဉ် တဖြည်းဖြည်း ဖြစ်လာပါသည်။

မိတ်ဆက်ပွဲတွင် ယူနန်ရေဒီယိုနှင့် ရုပ်မြင်သံကြားမီဒီယာအုပ်စုမှ “ပျော်ရွှင်စွာ ဈေးဝယ်ခြင်း”ကော်လံတာဝန်ရှိသူသည် “ယူနန်ထွက်ကုန်များ ပြည်ပသို့ ပို့ဆောင်ခြင်း”စီမံကိန်းအကြောင်းအရာများကို မိတ်ဆက်ပေးသည်။ သူတို့သည် “မီဒီယာ+ကုန်ထုတ်လုပ်ငန်း+နည်းလမ်း”ကိုနက်ရှိုင်းစွာ ပေါင်းစပ်ခြင်းဖြင့် ယူနန်ထွက်ကုန်များ ပြည်နယ်မှ ထွက်သွားရန်နှင့် ကမ္ဘာသို့ သွားရောက်ရန် တွန်းအားပေးကူညီနေသည်။ လက်တွေ့တွင် ပါဝင်သည့် ကုမ္ပဏီကိုယ်စားလှယ်များသည် သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။ အားလုံးသည် ကမ္ဘာထိပ်တန်း“အစိမ်းရောင်အစားအစာအမှတ်တံဆိပ်”ကို တည်ထောင်ရန် ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်မည်ဟု ယူနန်ပြည်နယ် ပတ်ဝန်းကျင်နည်းပညာနှင့် လယ်ယာစိုက်ပျိုးရေးနည်းပညာလေ့လာရေးကုမ္ပဏီမှ တာဝန်ခံက ပြောကြားပါသည်။

သတင်းထောက်။ ။လီချား(ယူနန် Gateway)