သြဂုတ်လ ၃၀ ရက်နေ့မှစ၍ တရုတ်(ယူနန်)လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန် ကူမင်းဇုန်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် ၃ လတာကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို ၃ လအတွင်း ဈေးကွက်ရှင်သန်အားကောင်းလာပြီး နိုင်ဝင်ဘာ ၁၃ ရက်နေ့အထိ တရုတ်(ယူနန်)လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန် ကူမင်းဇုန်ဆိုင်ရာ ဈေးကွက်ကြီးကြပ်မှုနှင့် အုပ်ချုပ်ရေးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီလုပ်ငန်းအရေအတွက်စုစုပေါင်းမှာ ၁၀၅၅ ခုရှိကြောင်း၊ ၎င်းအတွင်း ပြည်တွင်းကုမ္ပဏီလုပ်ငန်းအရေအတွက်မှာ ၁၀၄၈ ခုရှိပြီး မှတ်ပုံတင်ကြေးရရှိငွေမှာ တရုတ်ယွမ်ငွေ ၁၂.၆၉၁ ဘီလီယံရှိပြီး ပြည်ပကုမ္ပဏီလုပ်ငန်းအရေအတွက်မှာ ၇ ခုရှိပြီး မှတ်ပုံတင်ကြေးရငွေမှာ အမေရိကန်ဒေါ်လာ ၈၁.၀၅၁၁ သန်းရှိကြောင်း သတင်းအရသိရပါသည်။
သတင်းထောက်။ ။ လီရှန်းရှန်း ၀ူကျီ(ကူမင်းနေ့စဉ်သတင်းစာ)