Negative List စာရင်းဇယား စနစ် ပြည့်စုံ ကောင်းမွန်လေလေ တရုတ် ဈေးကွက် ရှင်သန်မှု ရှိလေလေ

2019-11-26 15:45:32 |သတင်းအရင်းအမြစ် CRI

ဒီလ ၂၂ ရက်နေ့က တရုတ် အစိုးရဟာ ၂၀၁၉ ခုနှစ် ဈေးကွက် ဝင်ခွင့်ပြုရေးဆိုင်ရာ Negative List စာရင်းဇယားကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါဟာ စာရင်းဇယားကို အဓိက အသွင်ပုံစံ အဖြစ်ထားတဲ့ တရုတ်ပြည်ရဲ့ ဈေးကွက်ဝင်ခွင့်ဆိုင်ရာ Negative List စာရင်းဇယား စနစ်ဟာ အဆက်မပြတ် ပြည့်စုံ ကောင်းမွန်လာနေတယ်လို့ ပြသတဲ့ အပြင်၊ အမျိုးမျိုးသော ဈေးကွက်ဝင်ခွင့်ဆိုင်ရာ အဟန့်အတားများ ဖယ်ရှားပေးဖို့နဲ့ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ပိုမို ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်ဖို့ တရုတ်ပြည်ရဲ့ ပြတ်သားတဲ့ သန္နိဌာန်ကိုလည်း ပြသနေပါတယ်။

အဲဒီစာရင်းဇယားထဲမှာ၊ ဝန်ဆောင်မှုလုပ်ငန်း တံခါးဖွင့်ရေးကို အဓိက အချက် တစ်ချက် အဖြစ် ထားပြီး တရုတ်ပြည် စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်မှုနဲ့ ဈေးကွက် ရှင်သန်စွမ်းအား တိုးမြှင့်မှု အတွက် အကျိုးပြုသွားမှာ ဖြစ်ပါတယ်။

ဈေးကွက်ဝင်ခွင့်ဆိုင်ရာ Negative List စာရင်းဇယား စနစ် အဆက်မပြတ် ပြည့်စုံ ကောင်းမွန်လာတာနဲ့ အမျှ၊ နိုင်ငံခြားငွေရင်းနဲ့ လုပ်ကိုင်တဲ့ လုပ်ငန်းကုမ္ပဏီများဟာ တရုတ်ပြည် ဈေးကွက် တိုးချဲ့ဖို့ ပိုမို များပြားတဲ့ အခွင့်အလမ်းများ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံတကာ စံနှုန်းမြင့် စီးပွါးရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ချိတ်ဆက်ထားတဲ့ အခြေခံစနစ်မူဘောင်နဲ့ စီမံခန့်ခွဲရေးစည်းစနစ်ကို အစွမ်းကုန် တည်ဆောက်နေပါတယ်။ တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို ဇောက်ချ ပြုလုပ်သွားမှာ ဖြစ်ပြီး ကမ္ဘာ့စီးပွါးရေးအတွက် ပိုမို များပြားတဲ့ ရှင်သန်စွမ်းအားကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။