တရုတ်နိုင်ငံသည် ကုန်သွယ်ရေး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်အောင် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်သည်

2019-12-04 10:44:31 |သတင်းအရင်းအမြစ် CRI

မကြာခင်က တရုတ်နိုင်ငံဟာ ကုန်သွယ်မှု အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးမှု တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဤစာတမ်းမှာ တရုတ်ပြည် ကုန်သွယ်မှု အရည်အသွေး မြင့်မားစွာ တိုးတက်ရေးအတွက် လမ်းစဉ်စီမံကိန်းကို ရေးဆွဲ ချမှတ်ပြီး တရုတ်နိုင်ငံသည် ကုန်သွယ်ရေး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်ရေး အတွက် လမ်းညွှန်ပေးနေသည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါသည်။

ဤစာတမ်း ကျင့်သုံးဖေါ်ဆောင်ခြင်းနှင့်အမျှ တရုတ်ပြည်ရဲ့ ကုန်သွယ်ရေး ဖွဲ့စည်းပုံဟာ တစ်ဆင့်တိုး ကောင်းမွန် တိုးတက်သွားမှာ ဖြစ်ပြီး နိုင်ငံဖြတ်ကျော် အီးကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုဆိုင်ရာ ကူးသန်း ရောင်းဝယ်မှုများကို အဓိကထားပြီး အားပေးထောက်ခံသွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့ နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းများ ရေးဆွဲချမှတ်ခြင်းမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှာ ဖြစ်ပြီး ပိုမို ညီမျှသော ကုန်သွယ်ရေး စည်းစနစ်များကိုလည်း တည်ထောင်နိုင်မှာ ဖြစ်တယ်လို့ ဆောင်းပါးထဲမှာ ရေးသား ဖေါ်ပြထားပါတယ်။