၂၀၁၉ခုနှစ် နိုဝင်ဘာလကယူနန်ပြည်နယ်၏ CPI သည် လွန်ခဲ့သည့်အောက်တိုဘာလကထက် ၁.၂ ရာခိုင်နှုန်းတိုးများလာ

2019-12-17 17:50:54 |သတင်းအရင်းအမြစ် 云南网

တရုတ်နိုင်ငံတော်စာရင်းအင်းဌာန ယူနန်ပြည်နယ် စုံစမ်းလေ့လာရေးအဖွဲ့ချုပ်မှ စာရင်းအရ နိုဝင်ဘာလတွင် ယူနန်ပြည်နယ်၏ CPI(အမျိုးသားစားသုံးဈေးညွှန်းကိန်း)သည် လွန်ခဲ့သည့် အောက်တိုဘာလက ထက် ၁.၂ ရာခိုင်နှုန်းတိုးများလာပြီး ၎င်းတိုးနှုန်းသည် အောက်တိုဘာလကထက် ၀.၂ ရာခိုင်နှုန်းလျှော့နည်းပါသည်။ အဆိုပါအကြောင်းအရာတွင် အစားအစာဈေးနှုန်းသည် ၄.၂ ရာခိုင်နှုန်းတိုးမြှင့်ပြီး ဤတိုးနှုန်းသည် အောက်တိုဘာလကထက် ၂.၀ ရာခိုင်နှုန်းလျှော့နည်းသည်။ အစားအစာဈေးနှုန်းတိုးမြှင့်ခြင်းသည် CPI ကို ၀.၉၃ ရာခိုင်နှုန်းတိုးများစေခဲ့ပြီး (CPIတိုးများခြင်းတွင်) အစားအစာ(ဈေးနှုန်းတိုးမြှင့်ခြင်း) ကြောင့် မဟုတ်သောတိုးနှုန်းသည် ၀.၄ ရာခိုင်နှုန်း ဖြစ်သည်။

တေတာများအရအစားအစာတွင် အသား၊ အိမ်မွေးကြက်ဘဲငှက် နှင့် ဥများ ၏ဈေးနှုန်းတိုးမြှင့်လာပါသည်။ ဝက်သားဈေးနှုန်းသည် ၁၃.၅ ရာခိုင်နှုန်းတိုးမြှင့်ကာ တိုးနှုန်းသည် လွန်ခဲ့သည့်လကထက် ၂၀.၅ ရာခိုင်နှုန်းလျှော့နည်းပြီး CPI ကို ၀.၆၃ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ အမဲသားဈေးနှုန်းသည် ၂.၃ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၂.၃ ရာခိုင်နှုန်းခန့်တိုးများစေခဲ့သည်။ ဆိတ်သားဈေးနှုန်းသည် ၂.၈ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၀၁ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ အိမ်မွေးကြက်ဘဲငှက်ဘေးထွက်ကုန်ပစ္စည်းများဈေးနှုန်းသည် ၁၄.၇ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၀၈ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ အိမ်မွေးကြက်ဘဲငှက်သားများဈေးနှုန်းသည် ၄.၇ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၀၇ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ စားသုံးအသားထွက်ဆီဈေးနှုန်းသည် ၂၄.၃ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၀၇ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ ကြက်ဥဈေးနှုန်းသည် ၁.၉ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၀၁ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ ရေထွက်ပစ္စည်းဈေးနှုန်းသည် ၀.၃ ရာခိုင်နှုန်းကျဆင်းသည်။ စားနပ်ရိက္ခာဈေးနှုန်းသည် ၀.၃ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၀၁ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။

ပါရဂူ၏ မိတ်ဆက်ခြင်းအရ အမျိုးသားများစားသုံးသော (အစားအစာ၊ ဆေးလိပ်နှင့် အရက်မပါသော)ကုန်ပစ္စည်းအမျိုးကြီး ၇ မျိုး နှင့် ဝန်ဆောင်မှုဈေးနှုန်းသည် “၃ မျိုးတိုးမြှင့်၊ ၁ မျိုးကျဆင်း၊ ၃ မျိုးသမာသမတ်ကျ”ခြင်း ဖြစ်ပါသည်။ ၎င်းထဲတွင် အင်္ကျီဝတ်စုံကုန်ပစ္စည်းဈေးနှုန်းသည် ၁.၉ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၁၅ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ နေထိုင်ရေးအသုံးပစ္စည်း၊ ဝန်ဆောင်မှုနှင့် ဆေးကုသခြင်းကျန်းမာရေးကုန်ပစ္စည်းများဈေးနှုန်းသည် ၀.၁ ရာခိုင်နှုန်းတိုးမြှင့်ပြီး CPI ကို ၀.၀၂ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းဆက်သွယ်ရေးဆိုင်ရာဈေးနှုန်းသည် ၀.၁ ရာခိုင်နှုန်းဆင်းကျပြီး CPI ကို ၀.၀၂ ရာခိုင်နှုန်းခန့် ဆင်းကျစေခဲ့သည်။ မှီတင်းနေထိုင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကစားပျော်ရွှင်မှု နှင့် တခြားကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုဆိုင်ရာဈေးနှုန်းသည် လွန်ခဲ့သည့် အောက်တိုဘာလ နှင့် တူပါသည်။

year-on-yearratio(နှစ်စဉ်အချိုးအစား)နှင့်ကြည့်လျှင်၂၀၁၉ ခုနှစ် နိုဝင်ဘာလက ယူနန်ပြည်နယ်၏ CPI သည် ၂၀၁၈ ခုနှစ်အလားတူအချိန်ကာလကထက် ၄.၂ ရာခိုင်နှုန်းတိုးများလာပြီး တိုးနှုန်းသည် အောက်တိုဘာလထက် ၁.၂ ရာခိုင်နှုန်းတိုးချဲ့ခဲ့ပါသည်။ ၎င်းတွင် အစားအစာဈေးနှုန်းသည် ၁၉.၅ ရာခိုင်နှုန်းတိုးမြှင့်လျက် တိုးနှုန်းသည် အောက်တိုဘာလထက် ၄.၇ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး CPI ကို ၃.၈၈ ရာခိုင်နှုန်းခန့် တိုးများစေခဲ့သည်။

သတင်းထောက်။ ရန်ကျီးဟွေး (ယူနန်ကွန်ရက်)