“တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား+” ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို တွန်းအားပေးနိုင်

2019-12-23 17:17:29 |သတင်းအရင်းအမြစ် CRI

၁၂ ကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စီးပွါးကုန်သွယ်ရေး ဝန် ကြီးများ အစည်းအဝေးကို ယခုလ ၂၂ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး၌ သုံးနိုင်ငံတို့သည် ၂၀၂၀ ပြည့် နှစ်တွင် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ်ကို လျာထားသည့်အချိန်အတိုင်း ချုပ်ဆိုနိုင်ရန် တွန်းအားပေးမည် ဖြစ်ပြီး၊ ယင်းအခြေခံပေါ်တွင် သုံးနိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို လက်တွဲ တွန်းအားပေးမည် ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါသည်။ ထို့ပြင် အစည်းအဝေး၌ ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်ရေး၊ ဒေသခံ ပူးပေါင်းဆောင်ရွက်ရေး၊ “တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား+”၊ အီးကုန်သွယ်မှု၊ အပြန်အလှန် ဆက်သွယ်ရေး၊ စွမ်းအင် အပါအဝင် လုပ်ငန်းနယ်ပယ်များစွာ၌ ပူးပေါင်း ဆောင်ရွက်မှုကိစ္စကို ဆွေးနွေးပြီး သဘောတူညီမှုများ ရရှိကာ ကျင်းပတော့မည့် အဋ္ဌမ အကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေး အတွက် စီးပွါးကုန်သွယ်ရေး နယ်ပယ်မှ ပြင်ဆင်မှုများ ပြုလုပ်ပေးနေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး၊ သုံးနိုင်ငံမှ လုပ်ငန်းကုမ္ပဏီများ အီးကုန်သွယ်မှု နယ်ပယ်တွင် ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အားပေးသည်ဟု သတင်း ရရှိပါသည်။