ကူမင်းမြို့ ကျောက်ကျီနှင်းတောင်တွင် ၂၀၁၉ ခုနှစ် ပထမဦးဆုံးအကြိမ် ဆီးနှင်းကျ

2019-01-09 18:01:15 |သတင်းအရင်းအမြစ် 云桥网

ဇန်နဝါရီလ(၈)ရက်နေ့က ကူမင်းမြို့၏ရာသီဥတု ရုတ်တရက်အေးလာပြီး အပူချိန် တော်တော် များများ လျှော့ကျသွားခြင်းကြောင့် ကျောက်ကျီနှင်းတောင်သည် ၂၀၁၉ ခုနှစ်၏ ပထမဦးဆုံးအကြိမ် ဆီးနှင်းကျသည်ကို ကြုံတွေ့ရသည်။ ခရီးသည်များသည် အဆိုပါသတင်းသိရှိပြီးနောက် ကျောက်ကျီ တောင်သို့ ဆီးနှင်းရှုစားရန် တဖွဲဖွဲရောက်လာခဲ့ကြသည်။

ကျောက်ကျီတောင်၏ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးနေရာသည် (၄၂၂၃)ကီလိုမီတာရှိပြီး နှစ်စဉ် နိုဝင်ဘာလမှ နောက်နှစ် မတ်လအတွင်းသည် ဆီးနှင်းကျချိန်ဖြစ်သည်။ ထိုအချိန်တွင် ကုန်းပြင်မြင့် တောင်တန်းပေါ်ရှိ ရေကန်များ၊ ဆီးနှင်းတောင်များ၊ ရေတံခွန်ရေခဲခြင်းရှုခင်းများ၊ တောင်စလပ်ပန်းများ၊ ထင်းရှူးတောတို့သည် ရောစပ်လှပနေပြီး ခရီးသည်များအား ကလေးပုံပြင်ထဲကကဲ့သို့ ရှုခင်းအတွင်း ယစ်မူးစေနိုင်သည်။

(Yunnan Gateway)