မန်စီမြို့ ဥဒေါင်းလျှိုမြောင်ရှုခင်းသာသည် ကမ္ဘာ့မှတ်တမ်းနှစ်ရပ် ရရှိ

2019-01-11 16:41:44 |သတင်းအရင်းအမြစ် 云桥网

“ကမ္ဘာ့အကြီးဆုံး ဥဒေါင်းမွေးမြူခြင်းစခန်း”နှင့် “ကမ္ဘာ့အကြီးဆုံး ပန်းဖြင့်ပြုလုပ်သော ဥဒေါင်းရုပ်ပုံ” တို့အား ကမ္ဘာ့စံချိန်လက်မှတ်နှင့် မှတ်တမ်းတင်လွှာ နှစ်ရပ်ချီးမြှင့်ပွဲအခမ်းအနားကို ယခုရက်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ ဥဒေါင်းလျှိုမြောင်ရှုခင်းသာတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

သတင်းအရ မန်စီမြို့ ဥဒေါင်းလျှိုမြောင်ရှုခင်းသာတွင် ဥဒေါင်းမွေးမြူရေးစခန်း စုစုပေါင်း (၁၈)ခု တည်ဆောက်ထားပြီး ဗဟိုဧရိယာတွင် ဥဒေါင်းအကောင်(၈၀၀၀) မွေးမြူထားကာ ၎င်းတို့သည် ခရီးသည်များနှင့် ချစ်ခင်စွာ ထိတွေ့နိုင်သည်။ ထို့ပြင် ဥဒေါင်းလျှိုမြောင်ရှုခင်းသာတစ်ခုလုံးအတွင်း ဥဒေါင်း (၁၆၈၈၈)ကောင် မွေးထားပြီး ကမ္ဘာတွင် ဥဒေါင်းမွေးမြူခြင်းအရေအတွက် အများဆုံးသော ရှုခင်းသာအဖြစ် စံချိန်တင်မှတ်တမ်းဝင်ခြင်း ဖြစ်သည်။

ဥဒေါင်းလျှိုမြောင်ရှုခင်းသာရှိပန်းခြံတွင် လတ်ဆတ်ပန်းများဖြင့် ပြုလုပ်ထားသော ဥဒေါင်းရုပ်ပုံ၏ အမြင့် နှင့်အကျယ်သည် ၁၈.၅ မီတာ၊ ၂၈ မီတာ အသီးသီးရှိပြီး အမြီးသည် (၉၈)မီတာရှည်သည်။ ရုပ်ပုံတစ် ခုလုံးသည် ဥဒေါင်းအစစ်ကဲ့သို့ သဏ္ဍန်ပေါ်လွင်လှခြင်းဖြင့် ကမ္ဘာတွင် အကြီးဆုံး ပန်းဖြင့်ပြုလုပ်သော ဥဒေါင်းရုပ်ပုံအဖြစ် မှတ်တမ်းတင် ချီးကျူးခြင်း ခံရသည်။

(Yunnan Gateway)
ပုံ၊ online photos.